Links

clock

Wednesday, October 3, 2012

ကျောက်ဆည်မှာဟောပြောတဲ့မင်းကိုနိုင် ဘာတွေပြောခဲ့လည်း

ယနေ့ 3.10.2012 ရက်နေ့ ကျောက်ဆည်မြို့ မြို့တော်ခန်းမမှာ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများဟော
ပြောပွဲကျင်းပသည်ဟု သိရှိရပါတယ်။ထိုဟောပြောပွဲသို့ မင်းကိုနိုင်နှင့်အတူ အခြား ၈၈ကျောင်းသားဟောင်း
တွေလည်းပါဝင်သည်ဟု သိရှိရပါတယ်။၎င်းဟောပြောပွဲသို့ တက်ရောက်၍ အပြင်ပြန်ထွက်လာသော ပြည်
သူတစ်ဦးဟားမေးမြန်းကြည့်ရာတွင် "သူတို့ဒီနေ့ ဟောပြောမယ်ဆိုပြီး သူတို့အဖွဲ့ဝင်လူတွေလားမသိပါဘူး အစည်းအဝေးရှိတယ် မနက်ဖြန် မနက်မြို့တော်ခန်းမမှာ လာခဲ့ပါဟု ပြောကြား၍ေ၇ာက်လာခဲ့ခြင်းဖြစ်ပြီး ခန်းမကိုေ၇ာက်မှ မင်းကိုနိုင်တို့ဆိုတာကိုသိတယ် ဘာတွေပြောနေမှန်းလည်းမသိဘူး၊ငယ်ငယ်တုံးက သီဟတင်စိုး ဇာတ်ကားကြည်သလိုပေါ့ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရနေပြီသူတို့က လွတ်လပ်ရေးမရသေးဘူး(ပြုံးရယ်စွာဖြင့်) ခုလည်းအဲလိုပေါ့ ၊ မြန်မာပြည်ကြီး က ဒီမိုကရေစီရနေပြီ၊ သူတို့က
ဒီမိုကရေစီမရသေးဘူးလေ၊ ပြီးတော့ သူတို့က ထောင်ထွက်ဆိုတာကို အမွန်းတင်ပြောနေကြတော့နားကြားပင်းကပ်လာတာနဲ့ထွက်လာတာ အလကားပါဗျာ အချိန်တွေပိုနေတယ်ထင်ပါရဲ့" ဟု ပြောသွားခဲ့ပါသည်။ထို့နောက် မြို့တော်ခန်းမရှေ့ လဖက်၇ည်ဆိုင်တွင်းက ပြည်သူနှစ်ဦးအားမေးမြန်းကြည့်ရာ ၄င်းတို့က ကျေးရွာမှ အုပ်ချုပ်ရေးမှူးများဖြစ်ပြီး
လုံခြုံရေးယူထားရကြောင်း၊ ထိုကဲ့သို့ ယူထားရာတွင် ၎င်းတို့ထင်မြင်မိသည်မှာ မင်းကိုနိုင်တို့ဟောပြောနေသည်မှာ လူမိုက်လမ်းပြဟုထင်မြင်မိကြောင်း ၊အကြောင်းမှာ ၎င်းခန်းမတွင်းနားထောင်နေသောပြည်သူများမှာ ကျောင်းသားကျောင်းသူ လူငယ်များသာဖြစ်နေကြောင်းနှင့် နိုင်ငံရေးအကြောင်း သေချာမသိသေးသူများသာပါနေကြောင်းပြောပြခဲ့ပါ
သည်။ထပ်မံ၍ အုပ်ချုပ်ရေးမှူးမှ တကယ်တော့ သူတို့ဟောပြောနေတာတွေက တကယ်ပဲလူမိုက်လမ်းပြဖြစ်နေတယ်၊ လူ့အခွင့်အရေးဆိုပြီးတော့ အော်နေတယ်၊ဒါပေမယ့်  ကိုယ်လုပ်တာကိုကိုယ်တာဝန်ခံရဲ့တဲ့လူမျိုးမဟုတ်ဘူး၊ ကျောင်းသားကျောင်းသူတွေက လူငယ်ဆိုတော့ပျော်
ပါးချင်ကြမယ်၊ဒီလိုပျော်ပါးတော့ သူတို့အခွင့်အရေးအရပေါ့ တစ်ခုခု ပြဿနာတက်ခဲ့ရင် ဥပမာ ဆိုင်ကယ်တိုက်တာမျိုးပေါ့ ၊ တာဝန်မခံရဲဘူး ဒီလိုလူတွေက လူ့အခွင့်အရေးပါလို့ပြောနေကြပြန်တယ်လေ၊သူ့အရပ်နှင့်သူ့ဇာတ်တော့ကိုက်ပါတယ်လေ၊ ဟုပြောသွားခဲ့ပါ
သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကျောက်ဆည်မြို့တော်ခန်းမတွင်ဟောပြောပွဲကျင်းပရာ၌
လူပေါင်း(၁၀၀)ကျော်မျှ တက်ရောက်ကြပြီး တက်ရောက်သူအများစုမှာ အသက် ၁၇၊၁၈ အရွယ် လူငယ်များနှင့် တာဝန်ခံပုဂ္ဂိုလ်များသာရှိသည်ဟုသိရပါသည်။ကျောက်ဆည်မြို့သည် ယာဉ်တိုက်မှု့အများအ
များအပြားဖြစ်သည်ဟုသိရပြီး နယ်မြေခံများကတော့ ယာဉ်တိုက်မှုဖြစ်မည်ကိုသာစိုးရိမ်မိကြောင်းနှင့် (၈၈)
ကျောင်းသားများရောက်လာသည်မှာ နိမိမကောင်းကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment