မြန်မာ့နိုင်ငံရေးလောကလည်းပွင့်လင်းမြင်သာစွာပြောင်းလဲလာပြီဖြစ်သောကြောင့် ယနေ့ခေတ် နိုင်ငံရေးလောကသည် ပြည်သူများအဖို့အတော်လေးပင်ပွင့်လင်းမြင်သာနေပြီဖြစ်ပါသည်။ထိုကဲ့သို့ပွင့်လင်းမြင်
သာသောနိုင်ငံရေးလောကတွင် ယခင်တပ်မတော်အစိုးရလက်ထက်က ခိုးဝှက်လုပ်ခဲ့ရသော ဘက်ပေါင်းစုံမှနိုင်
ငံရေးသမားများလည်း နိုင်ငံရေးလောကမြင်ကွင်းသို့သိသာစွာပင်ချည်းကပ်လာပြီဖြစ်ပါသည်။သို့သော် တပ်မ
တော်အစိုးရလက်ထက်တုံးက တပ်မတော်ကိုချည်းကပ်ခိုစားခဲ့သော ဘက်ပေါင်းစုံမှလူလည်ကြီးများကတော့ ယခုအခါတွင် နိုင်ငံရေးသူရဲကောင်းကြီးများသဖွယ်ဖြစ်ကာနေပြီး တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်အယူအ
ဆပြင်းထန်သော နိုင်ငံရေးသမားများကတော့ ယခုအခါ ပါတီများရဲ့ချောင်ထိုးထားခြင်းကိုခံနေရပြီဖြစ်ပါသည်။
ထိုသူများမှာတော့ မိမိဘ၀ကိုပေးဆပ်ကာ နိုင်ငံတော်အတွက်ကောင်းမွန်တဲ့အုပ်ချုပ်မှု့ရရှိစေဖို့ကြိုးစားခဲ့သော်
လည်း နောက်ဆုံးမှာတော့ ဗီလိန်များအဖြစ်သာလက်ရှိပါတီများတွင်တည်ရှိနေခြင်းကိုတွေ့မြင်နေရပါတယ်။

မြန်မာ့နိုင်ငံရေးလောကတွင်လူငယ်အများအပြားစိတ်ဝင်တစားနှင့်ပါဝင်လာခြင်းမှာကောင်းမွန်သော်လည်း မြန်မာ့သမိုင်းကိုမှသေချာစွာမဖတ်ဖူးသူများပါဝင်နေသည်ကတော့ဝမ်းနည်းစရာကောင်းလှပါသည်။ဒါ့အပြင် ပြည်သူများကလည်းထိုကဲ့သို့လူများကိုရွေးချယ်တင်မြှောက်ခြင်းကအမှားတရပ်ဟုမဆိုနိုင်သော်လည်းမှန်ကန်သောလုပ်ရပ်မဟုတ်သည်ကတော့သေချာလှပါသည်။ဥပမာပြောရလျှင် အဆိုတော် ရသသည်အနုပညာ အဆိုတော်ဘက်တွင်ထူးချွန်သောလူတစ်ယောက်ဖြစ်ပါသည်။ပရိတ်သတ်များမှလည်းနှစ်ခြိုက်သဘောကျအားပေးသည့်ပြည်သူချစ်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်သူဟာအနုပညာဘက်တွင်ထူးချွန်ပါသော်
လည်းနိုင်ငံရေးဘက်တွင်တော့ ထူးချွန်လိမ့်မည်ဟု ထင်သူများအတွက် မှားယွင်းနေုနိင်ပါသည်။ခေတ်ကောင်းမှ လက်လျှိုဝင်ရောက်လာသည့် အခွင့်အရေးသမားအဖြစ်သာမြင်သာလွန်းပါသည်။သူဟာ နိုင်ငံရေးနယ်
ပယ်နှင့်တိုင်းပြည်ကောင်းကျိုးကိုအမှန်တကယ်ပြုလုပ်နိုင်မည့်သူဟု ယုံကြည်စရာ မည်သို့သောအချက်များ
ရှိနေပါသနည်း၊ ရှိလျှင်လည်း ထိုအချက်ကိုမီးထွန်းရှာဖွေရမည်ဖြစ်ပါသည်။

ယခုအခါ လွှတ်တော်အတွင်းပါတီပေါင်းစုံမှ တက်ရောက်၍မိမိပြည်နယ်အတွက်ကိုယ်စီတင်ပြချက်များ
ဖြင့်ပြည်သူတွေရဲ့လိုအပ်ချက်ပါတီရဲ့လိုအပ်ချက်တို့ကိုတင်ပြလျှက်ရှိနေပါသည်။ နိုင်ငံပေါင်းစုံမှလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့အကူအညီနှင့် ရင်းနှီးမြုတ်နှံမှု့များ တရှိန်ထိုးဝင်ရောက်ကာ လာနေပြီ
ဖြစ်ပါသည်။ထိုအချိန်တွင် တိုင်းပြည်အတွင်းမှပြည်သူများမှာ ပိုင်နိုင်စွာဖြင့် ထိုအခွင့်အရေးများကို လက်ဝယ်ရရှိ
အောင် ယူနိုင်ဖို့သာလိုအပ်နေပါသည်။ နိုင်ငံရေးလုပ်လို့ ရပြီဟေ့ ဟုသော အတွေးမျိုးနဲ့ နိုင်ငံရေးပဲဝိုင်းဝန်းလုပ်
ကာ ဒီအစိုးရတက်တာမကြိုက်ဘူး ၊ဟိုအစိုးရတက် ဆိုတဲ့သဘောထားတွေနဲ့အချင်းချင်းသဘောထားကွဲလွဲနေ
ကြလျှင်တော့ နိုင်ငံပေါင်းစုံက အခွင့်အရေးတွေဟာ မိမိတို့နိုင်ငံအတွက်တနည်းတစ်ဖုံငါးစာ အဖြစ်သို့ကျရောက်
သွားနိုင်ပါတယ်။ဟောပြောပွဲများ၊ ဈေးရောင်းပွဲတော်များနှင့် အခြားသော ပွဲများပြုလုပ်နေခြင်းသည့်စည်းရုံးမှု
များသာဖြစ်ပြီး ယခုအခါ ထိုစည်းရုံးမှုများနောက်သို့လိုက်ပါရမည့်အချိန်မဟုတ်တော့ပေ။မိမိတို့အားကိုးသော
ယုံကြည်သော ခေါင်းဆောင်များကို ကိုယ်စီဆန္ဒမဲများဖြင့်တင်မြောက်ခဲ့ကြပြီးဖြစ်ပါသည်။၎င်းတို့မှမိမိတို့အတွက်

ပြုလုပ်ပေးသော အခွင့်အရေးများကိုသာ မိမိတို့မှယူတတ်ဖို့လိုပါသည်။ငါကတော့ဘယ်ပါတီကိုကြိုက်တယ် ထိုပါတီက လုပ်ပေးမှယူမယ် တခြားပါတီကပေးတဲ့ အခွင့်အရေးတော့မယူဘူးဆိုလျင်တော့ မိမိတို့သာ ဆုံးရှုံးရမည်ဖြစ်ပါသည်။ရွေးကောက်ပွဲကာလ တုံးက ရွာတစ်ရွာက အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါ
တယ်။၎င်းရွာလေးသည်လက်ရှိအင်အားကြီးပါတီနှစ်ခုရဲ့ယှဉ်ပြိုင်ခြင်းအောက်မှာတည်ရှိနေတဲ့ရွာလေးဖြစ်တဲ့အ
တွက်ကြောင့် ထိုပါတီကြီးနှစ်ထဲမှ ပါတီတစ်ခုက အကယ်၍သာ မိမိပါတီကိုမဲထည့်လျှင် ထိုရွာလေးကို လျှပ်စစ်မီးရအောင်ပြုလုပ်ပေးမည်ဟုပြောဆိုစည်းရုံးခဲ့ပြီး၊ နောက်ပါတီတစ်ခုကတော့ မိမိတို့ထိုကဲ့သို့ဗန်းပြစည်း
မည်မဟုတ်၊ မိမိတို့ပါတီခေါင်းဆောင်ကိုပြည်သူများက ချစ်ခင်ကြသည်။ထို့ကြောင့်မိမိတို့ပါတီကို မဲထည့်လျှင် ဒီ
ကရေစီရရှိမည်ဖြစ်ပြီး ပါတီခေါင်းဆောင်ကိုလည်းချစ်မြတ်နိုးရာရောက်သည်ဟု ပြောဆိုစည်းရုံးခဲ့ပါတယ်။ထိုအ
ချိန်တွင် ကျေးရွာနေပြည်သူအချို့မှမည်သည့်ပါတီကိုမဲထည့်လျှင်ကောင်မည်းလဲဟု အကြံဥာဏ်တောင်းဆိုရာ
ကျွန်တော်မှထိုပြည်သူများကို “ခင်ဗျားတို့နိုင်ငံတော်ကိုအုပ်ချုပ်မယ့်သူကိုဘယ်လို လူမျိုးကိုဖြစ်စေချင်လည်း”ဟု
ပြန်လည်မေးမြန်းလိုက်ပါတယ်။ထိုသူများမှ “ကျုပ်တို့နိုင်ငံကိုတိုးတက်အောင် တရားမျှမျှတတ နှင့်အုပ်ချုပ်မယ့်
သူ၊ ပြည်သူတွေရဲ့အခက်အခဲကိုကူညီဖြေရှင်းပေးမယ့်လူကိုပဲပေါ့” ဟု ပြန်လည်ဖြေခဲ့ပါသည်။ အမှန်တကယ်
တော့ တိုင်းပြည်ကိုအုပ်ချုပ်မယ့်သူဟာ ပြည်သူတွေရဲ့အကျိုးကိုဖော်ဆောင်ပေးမယ့်သူပဲဖြစ်သင့်ပါတယ်။ ဟော
ပြောပွဲတွေပြုလုပ်ပြီးအပြောနဲ့သာ ပြည်သူတွေချစ်အောင်လုပ်ပြနေလို့ ကတော့ ပြည်သူတွေဟာ အခြေခံလူ
တန်းစားဘ၀ကနေတက်မှာမဟုတ်တော့သလို ၀ါဒတစ်ခုရဲ့အောက်မှာ အမြဲနွန်နစ်တော့တော့မှာပါ။ယခု ကျွန်တော်ပြောခဲ့တဲ့ရွာလေးဟာ လျှပ်စစ်မီးထိန်ထိန်လင်းနေပါပြီ။အကယ်၍သာ ဘာမှလုပ်မပေးနိုင်ဘူး ခေါင်း
ဆောင်ကြီးကိုချစ်ခင်လေးစားရင် မဲပေးပါ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မှာ ကျွန်တော်တို့ ခေါင်းဆောင်ကသာ
အစစ်ပါလို့ပြောတဲ့သူတွေနောက်လိုက်ခဲ့ရင်ယခု အဲဒီရွာလေးဟာ ဖယောင်းတိုင်မီးတွေကြားမှာပဲရှင်သန်နေရ
မယ်ဆိုတာ အမှန်ပါပဲ။

ယခု ဘယ်ပါတီပဲ မဲအနိုင်ရနေပါစေ၊ နိုင်ငံတော်ကြီးဟာ ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ်ရှေ့သို့
မှန်ကန်မြန်ဆန်သောခြေလှမ်းတွေဖြင့်လျှောက်လှမ်းနေသည်မှာ ပြည်သူများအသိပင်ဖြစ်ပါတယ်။ ဒီမိုကရေစီ
ရလာသည်နှင့်အမျှယခင်က နိုင်ငံရေးဆိုတဲ့စကားလုံးကို ပါးစပ်ကပြောမထွက်ရဲအောင်နေခဲ့ရတဲ့ပြည်သူတွေအ
ကြားမှာ ဒီမိုကရေစီ နှင့် နိုင်ငံရေး ဆိုသည့်စကားလုံးဟာ ပြောလိုက်တိုင်းအားရနေသည့်ဟန်ကိုလူတိုင်းပါးစပ်
ဖျားတွင်ရေပန်းစားနေခဲ့သည်မှာ နိုင်ငံရေး ပင်ဖြစ်၏။ တစ်ချိန်တုံးက ပြည်သူလူထုအများထောက်ခံခြင်းခံခဲ့ရတဲ့
သူတစ်ယောက်ဟာ တဖြည်းဖြည်း ထောက်ခံယုံကြည်မှုလျော့နည်းလာသည်ကို ပြည်သူအများသုံးသပ်သိမြင်
မှာဖြစ်ပါတယ်။ သူဟာ မီဒီယာများရဲ့တင်မြှောက်ခြင်း၊ အနောက်ဥရောပနိုင်ငံများ၏ တင်မြှောက်ခြင်းခံခဲ့ရသော
ဒီမိုကရေစီ၏ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။မြန်မာနိုင်ငံကို သူဖော်ဆောင်မှသာ ဒီမိုကရေစီရနိုင်မည်ဟု ပြည်သူအ
များထင်မှတ်ထားခဲ့ကြသည်။သို့သော်လည်း……….သူမဟာ ယနေ့တော့ တံတွေးခွက်တွက်ပက်လက်မျောနေပြီဖြစ်သည်။

No comments:
Post a Comment