Links

clock

Saturday, October 27, 2012

ILO နှင့် ပြင်ဦးလွင်မြို့က သူတောင်းစားဂိုဏ်းချုပ်



မြန်မာနိုင်ငံသည် ဒီမိုကရေစီဖြစ်လာသည်နှင့်အမျှ NGO အဖွဲ့အစည်းအတော်များများ
သည်လည်းမြန်မာပြည်တွင်းသို့ဝင်ရောက်မှုများပြားလာပါသည်။လူ့အခွင့်အရေး ဟုပြောနေကြသည့်
ဒီမိုကရေစီဘက်တော်သားများအတွက်တော့ ILO အဖွဲ့အစည်းသည် ပဏ္ဍာသင့်လှပါသည်။စစ်တပ်
ထဲတွင်လည်း အသက်မပြည့်သေးသူ ကလေးစစ်သားများမစုစောင်းရေး ဆွေးနွေးပြောဆိုခဲ့သည်ဟု
သိရပါသည်။အသက်မပြည့်သေးသောကလေးငယ်များ ကျောင်းနေစာသင်ရရေး အလုပ်မလုပ်ရရေး
အတွက် ILO အဖွဲ့အစည်းသည် တာဝန်များစွာရှိပါသည်။

သို့သော် ပြင်ဦးလွင်မြို့ ညဈေးတန်း၊ လမ်းဘေးဆိုင်များနှင့် လူစည်ကားရာ နေရာများတွင်

အသက် ၅ နှစ် ၆ နှစ်ထက်မကြီးသော ကလေးငယ်များစွာ မိဘမရှိ ဂေဟာမဲ့ တောင်းစားနေကြ
သည်ကို ပြင်ဦးလွင်မြို့ရောက်ဖူးသူတိုင်းတွေ့ဖူးကြမည်ဖြစ်သည်။သာမန်အားဖြင့်ကြည့်လျှင်တော့
ထိုကလေးငယ်များသည် မိဘမဲ့၍ အစားအသောက်မဲ့နေပြီးတောင်းရမ်းစားသောက်နေရသည်ဟု
ထင်မြင်နိုင်သော်လည်း အမှန်စင်စစ်မူ ၄င်းတို့ကိုအုပ်ချုပ်သော လူရှိသည်ဟုသိရပါသည်။ကလေး
ငယ်များအား အိမ်တစ်အိမ်တွင်ထမင်းကြွေး အိပ်စရာပေးထားကာ မနက်ဝေလီဝေလင်းအချိန်၌ သုံး
ဘီးဆိုင်ကယ်ဖြင့်မြို့ထဲသို့သွားရောက်တောင်းရမ်းခိုင်းစေသည်။ညနေအပြန်၌ ရရှိလာသောတောင်း
ရမ်းရရှိလာသော ငွေအကြွေတို့ကို ၎င်းအုပ်ချုပ်သူထံတိကျစွာပြန်လည်အပ်နှံရသည်ဟုသိရပါသည်။
၎င်းအုပ်ချုပ်သူမှာတော့ထိုကဲ့သို့တောင်းစားခြင်းမဟုတ်ပဲ အခြားအလုပ်အကိုင်ကိုလုပ်ကိုင်နေပြီး
ကလေးငယ်များအား တောင်းရမ်းခိုင်းခြင်းဖြင့် စီးပွားရှာခြင်းကိုလည်း တစ်ဖက်မှလုပ်ကိုင်နေခြင်းဖြစ်
သည်။ကလေးငယ်များမှာ မိဘမဲ့၊ အနေမဲ့ တောင်းရမ်းရသည့်ဘ၀တွင်ဖြတ်သန်းနေရသော်လည်း
ထိုငွေများကို အုပ်ချုပ်သူထံပြန်လည်အပ်နှံရသည်။ပြင်ဦးလွင်မြို့စစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦး၏ပြောပြချက်
အရ ILO အဖွဲ့အစည်းသည် တပ်မတော်မှ အရာရှိ/ စစ်သည်များသို့တပ်သားသစ်များကို အသက်
မပြည့်သေးသောသူများမစုစောင်းရန်နှင့် အသက်မပြည့်သေးသော ရှိပြီးသားရဲဘော်များကိုလည်း
၎င်းတို့လက်သို့လွှဲပြောင်းပေးရန်ပြောခဲ့ပါသည်။တပ်မတော်မှ အသက်မပြည့်သေးသော ရဲဘော်များ
အား ILO အဖွဲ့အစည်းသို့ အပ်နှံခဲ့ရာ လူတစ်ဝက်မှာ ILO အဖွဲ့အစည်း၏လက်အောက်တွင်ပင် 
ပျောက်ဆုံးနေသည်ဟု သိရပါသည်။သို့သော အထက်ဌာနသို့တင်ပြခြင်းမရှိပဲ ၎င်းပျောက်ဆုံးသော
ကလေးငယ်များအတွက် နေထိုင်ထောက်ပံ့စရိတ်များကို ၄င်းတို့မှစာရင်းဖျောက်ထားသည်ဟုလည်း
သိရပါသည်။
အမှန်တကယ် မိဘမဲ့ ကလေးငယ်များကိုလျစ်လျူရှု့ကာနိုင်ငံရေးဖိအားပေးခြင်းမျိုးဖြင့်သာ
ပြုလုပ်နေသည်ကိုတွေ့ရပါတယ်။အမှန်တကယ်လိုအပ်နေသည့်အကူအညီမှာ ပြင်ဦးလွင်မြို့တွင်သာ
မက အခြားမြို့များတွင်လည်း မိဘမဲ့ကလေးငယ်များ လမ်းဘေးတွင်တောင်းစားနေရသည့်ဘ၀ကို
သာကူညီသင့်ပါသည်။အသက်မပြည့်သေးပဲ အလုပ်လုပ်နေရသည့် စားပွဲထိုး ဆိုင်အကူကလေးငယ်
များကို လက်ညှိုးထိုး၍ ဆိုင်ရှင်များ၏လာဒ်ပေးခြင်းကိုစောင့်မျှော်နေသော ILO အဖွဲ့အစည်းသည်
ယခု ပြင်ဦးလွင်မြို့က တောင်းစားရန် အလုပ်စေခိုင်းခြင်းခံနေရသည်ကိုတော့လျစ်လျူပြုထားသည်မှာ
ILO အဖွဲ့အစည်းသည် လာဘ်ပေးလာဘ်ယူကိုသာ အားပေးနေခြင်းဖြစ်နေသည်ဟုသိရပါသည်။ထို့
အပြင် အနောက်ဥရောပမှ အခြေခံ၍ဖွဲ့စည်းထားသော ၄င်း ILO အဖွဲ့အစည်းသည် မြန်မာနိုင်ငံအ
တွက်တော့ နိုင်ငံရေးဖော်ကောင်သဖွယ်ဖြစ်နေပြီး အနောက်ဥရောပမှအားပေးတင်မြှောက်ထားသော
ဒေါ်အောင်ဆန်းစုကြည်ကိုသာ အားပေးအားမြှောက်ပြုလုပ်နေသည့် ဘက်လိုက်အဖွဲ့အစည်းဖြစ်နေ
ပါသည်။

No comments:

Post a Comment