Links

clock

Wednesday, November 28, 2012

တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်များ လျာထားစာရင်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့်ဒေါ်စုကြည်တို့ပါဝင်



၂၀၁၂ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်လျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်များ လျာထားစာရင်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပါဝင်လျက်ရှိသည်။ အဆိုပါလျာထားစာရင်းတွင် အမေရိကန်သမ္မတ အိုဘားမား၊ အီဂျစ်သမ္မတ မိုဟာမက်မော်စီ၊ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအမ်တို့ ပါဝင်သလို တရုတ်သမ္မတနှင့် ၀န်ကြီးချုပ်သစ်၊ ကန်သမ္မတရွေးကောက်ပွဲ စိန်ခေါ်သူ မစ်ရွမ်းနေနှင့် ပေါလ်ရိုင်ယန်တို့လည်း ပါဝင်သည်။ ထို့အပြင် ယင်းစာရင်း၌ 'Gangnam Style' သီချင်းပိုင်ရှင် တောင်ကိုရီးယားအဆိုတော် PSY ၊ ပါကစ္စတန်မှ အမျိုးသမီးပညာရေးလှုပ်ရှားသူ ကျောင်းသူမာလာလာ၊ ရုရှားနိုင်ငံမှ ပန့်ဂီတအဖွဲ့ Pussy Riot တို့လည်း ပါဝင်သည်။ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ လောလောဆယ် မဲပေးထားသော စာရင်းအရ နံပါတ် ၁၄ နေရာတွင် ရောက်ရှိနေသည်။ တိုင်းမ်မဂ္ဂဇင်း စာဖတ်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်အား ဒီဇင်ဘာ ၁၂ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ မဲပေးနိုင်ပြီး လူထုအကြိုက်ဆုကို ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာမည်ဖြစ်သည်။ Person of the Year ဆုကိုမူ တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်သွားမည်ဖြစ်သည်။  Time Magazine

No comments:

Post a Comment