Links

clock

Friday, September 6, 2013

လီဗာပူးနည်းပြဖြစ်လာရန် ဂျရတ် မျှော်မှန်းနေ

Source: From Facebook


လီဗာပူး အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ကစားသမားဘ၀မှ အနားယူပါက နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး
လီဗာပူးတွင် နည်းပြအဖြစ်ဆောင်ရွက်ရန်မှာ ၎င်း၏အိပ်မက်ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့သည်။ ဂျရတ်မှာ လက်ရှိအချိန်ထိ လီဗာပူး၏ အဓိက ကစားသမားဖြစ်နေသော်လည်း ကစားသမားဘ၀မှ အနားယူပါက ၎င်း၏ဘ၀အတွက် စီမံကိန်းရေးဆွဲနေပြီး လာမည့်နှစ် အနည်းငယ်အတွင်း နည်းပြအဖြစ်ဆောင်ရွက်ရန် ပြင်ဆင်လျှက်ရှိသည်။

“ကျွန်တော့်အနေနဲ့ အသက်အရွယ် ရလာတာကြောင့် ဘောလုံးလောကက အနားယူရင် ဘာဆက်လုပ်မလဲဆိုတာ အလေးထား စဉ်းစားနေပါတယ်။ လာမယ့်နှစ်အတွင်း နည်းပြလိုင်စင်ရဖို့ ကျွန်တော် ကြိုးပမ်းသွားမှာဖြစ်ပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် နည်းပြတစ်ယောက်ထက် မန်နေဂျာတစ်ယောက်လို့ပဲ မြင်မိပါတယ်”

“လက်ရှိအချိန်မှာ နာမည်ကျော်နည်းပြ အများအပြားရှိနေပေမယ့် ကိတ်မုန့်ပေါ်က အမွေးအရသာတွေ ဖြစ်နေနိုင်တာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ တကယ်လို့ ကျွန်တော် နည်းပြလုပ်မယ့် အချိန်မှာ လီဗာပူးနည်းပြအဖြစ် လစ်လပ်နေပြီး ဆောင်ရွက်ခွင့်ရမယ်ဆိုရင်တော့ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ”ဟု ဂျရတ်က ပြောခဲ့သည်။

No comments:

Post a Comment