Links

clock

Friday, September 6, 2013

Nokia ဟန်းဆက်လုပ်ငန်းကို Microsoft ၀ယ်ယူလိုက်သည်


Source: From Mizzima facebook
Nokia စမတ်ဖုန်းနှင့် ဆယ်လူလာဟန်းဆက်များကို ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံဖြင့် ၀ယ်ယူလိုက် ပြီဟု စက်တင်ဘာပထမပတ်အတွင်းတွင် Microsoft က ကြေညာလိုက်သည်။

ယင်းသဘောတူညီချက်အရ Microsoft Window စနစ်သုံး Lumia စမတ်ဖုန်းများ ဖန်တီးရာတွင် ဦးဆောင်နေသည့် Nokia ကုမ္ပဏီကို Microsoft မှ ပိုင်ဆိုင်တော့မည်ဖြစ်သည်။ ဤသို့ပိုင်ဆိုင်နိုင်ရန် အတွက် Microsoft အနေဖြင့် Nokia ၏ Devices နှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် ကန်ဒေါ်လာ ငါးဘီလီယံနှင့် မူပိုင်ခွင့်အတွက် ၂ ဒသမ ၂ ဘီလီယံခန့် Nokia သို့ပေးရမည်ဟုလည်း သိရသည်။

ယခုသဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်းမှ စတင်ကာကုမ္ပဏီနှစ်ခုအကြား နီးနီး ကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်၍ Apple ၊ Sam-sung တို့နှင့်ယှဉ်ပြိုင်ရန် ကြိုးပမ်းလာသည့် နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးအနေဖြင့် ဥရောပတိုက်အပါအ၀င် ကမ္ဘာတစ်လွှားရှိ စီးပွားရေးလုပ်ငန်းများတွင် ရှေ့ရောက်နေသော်လည်း အမေရိကန်နိုင်ငံတွင်မူ အခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

သို့သော် Window ဖုန်းများမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Black Berry အား ကျော်ဖြတ်ကာ တတိ ယနေရာတွင် နေရာယူထားပြီးဖြစ်သည်ဟု လေ့လာသုံးသပ်သူ အချို့အရ သိရသည်။

ယခုကဲ့သို့ဝယ်ယူလိုက်ခြင်းမှာ နောင် ၁၂ လအကြာတွင် အနားယူတော့မည့် Microsoft ၏ အမှုဆောင် Steve Ballmer ၏ ရဲရင့်ယုံကြည်မှုအရှိဆုံးသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။ ထို့အတူMicrosoft အနေဖြင့် Nokia အား ၀ယ်ယူလိုက်ခြင်းဖြင့် Software များရောင်းချနေသည့် ကုမ္ပဏီတစ်ခုအဖြစ်မှ လျှပ်စစ်ပစ္စည်းများ ရောင်းချသည့်ကုမ္ပဏီတစ်ခုသို့ ဦးတည်ရွေ့လျားနေသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

Nokia ကုမ္ပဏီကို ၀ယ်ယူရန် အသုံးပြုခဲ့သည့်ငွေကြေးပမာဏမှာ ၂၀၁၁ ခုနှစ် မေလတွင် အင်တာနက် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှုပေးနေသည့် Skype ကို ကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် ၀ယ်ယူမှု အပြီးတွင် ဒုတိယအကြီးမားဆုံးသောဝယ်ယူမှုတစ်ရပ်ဖြစ်သည်။

“Nokia နဲ့ Microsoft တို့ဟာ အမြဲတမ်းလိုလို ရည်မှန်းချက်ကြီးမားတဲ့ စိတ်ကူးတွေရှိပါတယ်”ဟု ဘလော့ဂ်စာမျက်နှာပေါ်တွင် တင်ထားသည့် အိတ်ဖွင့်ပေးစာတွင် Ballmer နှင့် Nokia ဥက္ကဋ္ဌ Stephen Elop တို့က ပြောကြားလိုက်သည်။
5

No comments:

Post a Comment