Links

clock

Sunday, June 1, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်အင်အား


အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊
ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုးတက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ ကတော့အထည် ချုပ် လုပ်ငန်းတွေ ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါ တယ်။ နောက် ၀င်ငွေကတော့ ကုလသမဂ္ဂရဲ့အောက်မှာသူတို့ တပ်ရင်း ၃ ရင်းလောက်က ကြေးစားအဖြစ်နဲ့ အမှုထမ်းပြီး သူတို့နိုင်ငံအတွက်ဝင်ငွေ ရှာပေး နိုင်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာ စကား တတ်ကျွမ်း လာတယ်၊ စစ် သည်တွေ အပိုဝင်ငွေရသလို သူတို့ရဲ့ကာ ကွယ်ရေးဝန်ကြီးဌာန ကို ထောက်ပံ့ပေးနိုင် ပါတယ်။
သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ ၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အား အနေ နဲ့ ဘင်္ဂလားရိုင်ဖယ် လို့ခေါ်တဲ့အင်အားက ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေစောင့်ရဲ တပ်ဖွဲ့က ၉၀၀ ကျော် ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။သူတို့ကြည်းတပ်ရဲ့ ဖွဲ့စည်းပုံတွေ အနေနဲ့ ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ် မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) ၊ တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်း ရန်ကာ ကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်း ချီတပ်မ ၂ ခု၊ ကွန်မန်ဒို တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်တွေကတော့ ပင်မတိုက် ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေး ယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။အမြောက်တပ်ဖွဲ့အနေ နဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1) က ၆၂ လက်ဖြစ်ပါတယ်။ စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က ၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။လေကာလက်နက်တွေအနေနဲ့ ၃၇ မမ ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုး ဖို့လုပ်နေပါ တယ်။ရေတပ်အနေနဲ့ကတော့ ကျတော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေ နဲ့လည်း ဖွဲ့စည်းထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန် သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေ ကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊ရေငုပ် သဘောင်္ လည်းပိုင်ဆိုင်ထားပါတယ်။လေတပ်အနေနဲ့က တိုက်ပွဲ ၀င်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊ Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲမှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေး အုပ်တွေတော့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-2 Atoll လို့ပဲပေါ်ပါတယ်။
ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကို လည်း သူတို့ကြည့်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ နောက်တစ်ခုက သူတို့ ရဲ့ MI တွေသည် ကျွန်တော်တို့ တွေအထဲကို ထိုးဖောက်နေပါတယ် ၊ အထူးသဖြင့်သူတို့နဲ့ ဘာသာတူတွေလို အသွင်ယူပြီး ရခိုင်မြေပေါ်မှာရှိနေပါတယ် ၊ သူတို့ အဖွဲ့ကို ဘယ်အုပ်ချုပ်မှုအောက်မှာထားလဲ ဆိုတာတော့ သိပါတယ်။ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ..... ရန်သူ့အကြောင်း ကို သိထားတော့ ကောင်းတာပေါ့ ဗျာ၊ နောက်ကျန်တာ တစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလိုဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအ တာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက် ပံ့နေ တဲ့ နိုင် ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, South Korea တို့ပဲဖြစ်ပါတယ်။အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က ခုချိန်မှာအတိုင်းအတာတစ် ခုလောက် ဂျွမ်းပြန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါ တယ်။ အဲ့ ၀ှက်ဖဲတော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေး တာပါ။ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီး စရာလည်းမလိုပါဘူ .. သိပ်ကြောက်နေရင်လည်း အသက်ပေး လိုက် ရနိုင်သ လို သိပ်အထင်သေးရင်လည်း အသက်ပေး သွားရပါလိမ့်မယ် ။ အနီးစပ် ဆုံး ဒေတာတွေ တိကျပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခုကျွန်တော်ရေးပေး ထား တာတွေက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ India က ရေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ် ၊ စိတ်ကြိုက်သဘောထားကွဲလွဲနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားတို့ဘယ်တော့မှ မမေ့နဲ့ ဒီမြေမှာနေဒီရေသောက်ပြီး လူဖြစ်လာ တယ်ဆိုတာကို .....
" ကမ္ဘာ့ ပျက် မှ မြန် မာ ပျက် မယ် "

No comments:

Post a Comment