Links

clock

Sunday, June 1, 2014

လက်ရှိ နှစ်နိုင်ငံအခြေအနေ မြန်မာနှင့် ဘင်္ဂလား






မြန်မာ့တပ်မတော်မှ လက်ရှိ တပ်အသင့်နေရာယူမှု

မြန်မာဘက်မှ အဆင်သင့်ပြင်ဆင်ပြီး ဖြစ်ကြောင်း ၊ မြန်မာပြည်သူ ပြည်သားများ စိုးရိမ်မှု မရှိကြစေရန် အသိပေးအပ်ပါသည် ။
၃၁-မေ ။၂၀၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ
များအားလုံး အမြင့်ဆုံးသောအခြေအနေအထိ အရေးပေါ်တပ်လှန့်ထားရှိပြီး ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ မြန်မာနိုင်ငံအား တရားဝင် စစ်ကြေငြာလိုက်ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် သေချာမှုရှိအောင် မေးမြန်းရာ - အောက်ပါအချက်အလက်များသည် အတည်အဖြစ်သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် တပ်များအားလုံးကို အရေးပေါ်အခြေအနေသို့ တပ်လှန့်ထားရှိပြီး မြန်မာပိုင် အုန်းကျွန်းအနီး (၃) ဖာလုံခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဖရီးဂိတ်များ နှင့် ဖျက်သင်္ဘောများ (၅) စီး လာရောက်တပ်စွဲထားသည်။ မြန်မာဖက်မှလည်း အုန်းကျွန်းအနီးတွင် ရေတပ်သင်္ဘော (၅)စီး ထိပ်ဆိုင်၍ တပ်ချထားသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကြေးတပ် အင်အား (၅၀၀၀)ခန့် နယ်စပ်တွင် ၀င်ရောက်နေရာယူထားပြီး မြန်မာဖက်မှ အင်အား (၉၀၀၀) ခန့် ၀င်ရောက်နေရာယူထားသည်။
ဘင်္ဂလီ ရေဒီယိုသတင်းများအားလုံးကို ဘာသာပြန်များဖြင့် နားထောင်နေပြီး၊ မြန်မာ့ရေတပ်မတော် အုပ်စုတစ်စု နယ်စပ်သို့ဦးတည်ထွက်ခွာလာနေကြောင်း၊ မိတ္ထီလာ လေတပ်စခန်းအားလည်း အမြင့်ဆုံးအခြေအနေသို့တပ်လှန့်ထားကြောင်း ကြားသိရပါသည်။
နယ်စပ် တပ်ရင် ၅၃၅ တပ်ရင် နှင့် ၅၆၅ တပ်ရင် နှစ်ရင် ကို ဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး ဇင်ဝင်းလတ် နှင့် ဒုဗိုလ်မှူးကြီး ကျော်စိန်ထွန်း တို့ "တရားသော စစ်ပွဲ အမိမြေအတွက် တိုက်ပွဲဝင်မည်ဟု'' ပြောကြားကြောင်းသိရ။

No comments:

Post a Comment