Links

clock

Friday, May 30, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပြန်တွေ့ တော့မလား?

source: BBC Burmese
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အစအနတွေ  ရှိနိုင်တယ်လို့ ယူဆပြီး နှစ်လလုံးလုံး လိုက်ရှာနေတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက နေရာဟာ လေယာဉ်ပျက်ကျခဲ့တဲ့နေရာ မဖြစ်နိုင်တော့ကြောင်း  သြစတြေးလျ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ လတုန်းက သမုဒ္ဒရာ ရေပြင်အောက်မှာ ဖမ်းယူရရှိခဲ့တဲ့ အချက်ပြမှုဟာ လေယာဉ်ရဲ့ Black box က မဟုတ်ဘဲ အဲဒီလေယာဉ်ကို ရှာနေတဲ့ သင်္ဘောတစ်စင်းဆီက ပိုဖြစ်နိုင်တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

အဲဒီ နေရာမှာ ရှာဖွေနေမှုတွေကို အခုအခါ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး  လေယာဉ်ရှာဖွေတဲ့ နေရာကို  စတုရန်း ကီလိုမီတာ ၅သောင်း လောက်အထိ တိုးချဲ့ပြီး ရှာဖွေတော့မှာ ဖြစ်ပါတယ်။

အခုအခါ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ရှာဖွေမှုကို သုညကနေ ပြန်စရတော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူ ၂၃၉ ဦးကို တင်ဆောင်သွားတဲ့ မလေးရှား လေကြောင်းပိုင် ဘိုအင်းလေယာဉ်ဟာ  မတ်လတုန်းက ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကိုအသွား လမ်းမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

http://www.bbc.co.uk/news/world-asia-27615173

No comments:

Post a Comment