source: OE
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်
မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ်ဖက်နိုင်ငံ
အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့
ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မေ ၂၈ ရက် နံနက် ၉ နာရီ ၅
မိနစ်တွင် ရှေ့တန်းလုံခြုံရေး တာဝန်ယူထားသော ခမရ (၃၅၂) စစ်ကြောင်း(၁)မှ
ဗိုလ်ဇော်မိုးအောင် ဦးစီးတပ်စိတ်မှ
ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်နက်အပြည့်အစုံဖြင့်
သောင်းကျန်းသူ ဘင်္ဂါလီနှစ်ဦးက နယ်စပ်အားဖြတ်ကျော်ကာ မြန်မာနယ်နိမိတ်
ခြံစည်းရိုးအနီး ပေ ၈၀ ခန့်အထိ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး မြန်မာနယ်စပ်
လုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တိုးရာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊
အ၀ါရောင် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသော ဘင်္ဂါလီသောင်းကျန်းသူဘက်မှ
တစ်ဦးကျဆုံးပြီး ၎င်းကိုင်ဆောင်သော အမ် ၂၂ တစ်လက်၊ ကျည်ကပ်လေးခု၊ ခဲယမ်းကျည်
၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
နယ်စပ်ဖြတ်ကျော်
ဝင်ရောက်လာသည့် သောင်းကျန်းသူ နှစ်ဦးအနက် အသက် ၃၀ ခန့်အရွယ်
ဘင်္ဂါလီတစ်ဦးအား ၎င်းကိုင်ဆောင်ထားသည့် လက်နက်ဖြင့် အသေဖမ်းဆီးရမိပြီး
ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။
မေ
၂၁ ရက်က ပြုလုပ်ခဲ့သော နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့
ကွပ်ကဲရေးမှူးမှ မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်းဖက်မှုများတွင်
တစ်ဖက်နိုင်ငံမှ တာဝန်များစွာရှိပြီး အဆိုပါ သောင်းကျန်းသူများသည်
တစ်ဖက်နိုင်ငံတွင် အခြေပြု လှုပ်ရှားနေသူများ ဖြစ်ကြောင်း၊ အဆိုပါ
သောင်းကျန်းသူများအား ပူးပေါင်းနှိမ်နင်း ပေးစေလိုကြောင်း ပြောကြားရာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၄၂ မှ BGB တပ်ရင်းမှ
(လက်ထောက်ညွှန်ကြားရေးမှူးချုပ်) တပ်ရင်းမှူး ရာဖိခ်ဟာစိန်က အဆိုပါ
သောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများ မဟုတ်ကြောင်း
ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အကြမ်းဖက်သမားများအား
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တာဝန်ယူ ဖမ်းဆီးပေးသင့်ကြောင်း၊ အကယ်၍
တာဝန်ယူမပေးပါက နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားနိုင်ပြီး
ယခုတောင်းဆိုချက်များအား အရေးယူ ဆောင်ရွက်မှုများ မရှိပါက မိမိတို့မှ
နောက်ထပ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန်
မလိုတော့ကြောင်း၊ နှစ်နိုင်ငံ အထက်လူကြီးချင်း သံတမန်နည်းအရ
ဖြေရှင်းသွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မေ ၁၃ ရက်
နံနက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နယ်ခြားမှတ်တိုင် ၃၈ အနီးမှ
ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် (RSO)
သောင်းကျန်းသူများနှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု
ဖြစ်ပွားခဲ့ကြသည်။ မေ ၁၇ ရက်တွင် ထပ်မံ၍ (RSO) သောင်းကျန်းသူများက
မြန်မာနယ်ခြားစောင့်တပ်အား မှတ်တိုင် ၅၂ နှင့် နတ်ရေကန်အကြား
ချုံခိုပစ်ခတ်မှုကြောင့် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး
မြန်မာနယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
No comments:
Post a Comment