သေနတ်များနှင့် သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဖမ်းဆီးရမိသူ နှစ်ဦးအား တွေ့ရစဥ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၉လမ်းနှင့် လမ်း ၃၀ကြားရှိ စွမ်းထက်ကျော်
တိုင်းရင်းဆေးခန်းနှင့် အောင်စတိုးဆိုင် ဖွင့်လှစ်ထားသော နေအိမ်တစ်ခုတွင် သေနတ်ပြု
လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် သေနတ်အပိုင်းအစ
များကို ဇွန် ၂၇ ရက် နံနက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဇွန် ၂၆ ရက် ညပိုင်းက စဥ့်ကူးမြို့နယ်အတွင်းရှိ စဥ့်ကူး-ရွှေဘို ကားလမ်းတွင် မောင်းနှင်
လာသော လင်ခရူဆာ မော်တော်ယာဉ်ပေါ်မှ သေနတ် ငါးလက်၊ ကျည်ဆန်များနှင့် မူးယစ်
ဆေးဝါးများကို နယ်မြေခံရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရာမှ ဆက်လက်စစ်ဆေးရာ လက်
နက်သယ်ဆောင်လာသူများ၏ နေအိမ်တွင် သေနတ်ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
“သေနတ်တွေ ဖမ်းဆီးရမိတယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ စစ်ဆေး
နေတုန်းပဲ ရှိပါသေးတယ်။ ဖမ်းမိတဲ့နေရာကနေ သူတို့နေတဲ့ နေရာတွေကိုပါ ထပ်မံရှာ
ဖွေ စစ်ဆေးမေးမြန်းနေတုန်းပါ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိတစ်ဦး
က ဆိုသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အောင်ဇော်မိုးနှင့်
အောင်ကျော်မိုး ညီအစ်ကို မောင်းနှင်လာသည့် လင်ခရူဆာယာဉ်သည် စဥ့်ကူးမြို့
တောင်ဘက် စဥ့်ကူး-ရွှေဘိုကားလမ်း မိုင်တိုင် အမှတ် ၁/၀-၁ ကြား ည ၉ နာရီခွဲ
ခန့်က ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။ ပီနန်
အိတ်အဖြူနှင့် ပတ်ထားသော ၀.၃၀၃ ရိုင်ဖယ် တစ်လက်၊ .၃၀၈ စနိုက်ပါ တစ်
လက်၊ ယာဉ်ကြမ်းခင်းတွင် ထည့်ထားသော ၀.၂၂ ပြောင်းရှည် တစ်လက်၊
နှစ်လုံးပြူး တစ်လက်နှင့် ၀.၃၀၀၆ စနိုက်ပါ တစ်လက် စုစုပေါင်းသေနတ် ငါး
လက်၊ ကျည်မျိုးစုံ ၂၅၂တောင့် (အမျိုးအစား စိစစ်ဆဲ)နှင့် ၈၈/၁ စာတန်းပါ
ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ တို့ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့နောက်၎င်း
တို့၏ နေအိမ်အား ဆက်လက်စစ်ဆေးရာ သေနတ်အပိုင်းအစများနှင့် သေနတ်
ပြုလုပ်သည့် ပစ္စည်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၆ နာရီလောက်မှာ စစ်တပ်က ကားတွေရော၊ ရဲသားတွေရော လိုက်ထရပ်
ကားနဲ့ လာဖမ်းသွားတာ တွေ့လိုက်ရတယ်။ အဲဒီအိမ်က သူတို့အစ်ကို တိုင်းရင်း
ဆေးဆရာရော တခြားမှာနေတဲ့ အမျိုးတွေပါ ခေါ်စစ်ဆေးနေတယ်လို့တော့ သိရတယ်။
အိမ်ကတော့ သော့ခတ်သွားပြီ။ ဒီရပ်ကွက်မှာပဲ နေလာတာကြာပါပြီ။ သူတို့ အဖေက
အငြိမ်းစား ယာဉ်ထိန်းရဲမှူးကြီးဖြစ်ပြီး ဆုံးသွားပါပြီ။ လက်နက်တွေမိတယ်လို့တော့
ပြောတာပဲ”ဟု လက်နက်များ တွေ့ရှိခဲ့သည့် အိမ်အနီးတွင် နေထိုင်သူတစ်ဦးက
ပြောကြားသည်။
အမှုနှင့်ပတ်သက်၍ သေနတ်နှင့် မူးယစ်ဆေးများ သယ်ဆောင်သူ အမြွှာညီအစ်က
ို အောင်ဇော်မိုးနှင့် အောင်ကျော်မိုး ၃၈ နှစ် (ဘ) ဦးအောင်မြင့် (မြန်မာ/ဗုဒ္ဓ) ကို
အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။














No comments:
Post a Comment