Links

clock

Sunday, June 28, 2015

မင်းတို့ပြောတဲ့တပ်မတော်သား




 မင်းတို့ပြောတဲ့တပ်မတော်သားက မင်းတို့ထက် တိုင်းပြည်နဲ့ပြည်သူကိုပိုချစ်တယ်
 မင်းတို့ပြောတဲ့တပ်မတော်သားက မင်းတို့အတင်းတုတ်ပြီး သာယာနေချိန်မှာ သူတို့က ဒုက္ခရောက်နေတဲ့
 ပြည်သူတွေကိုကူညီကယ်ဆယ်ပေးနေတယ်
 မင်းတို့ပြောတဲ့တပ်မတော်သားတွေက မင်းတို့အခုလို လွတ်လပ်စွာပြောနေနိုင်ဖို့ အေးဆေးစွာပြောနေနိုင်
ဖို့ မင်းတို့ကိုလာသတ်မဲ့ မင်းတို့အသက်အိုးအိမ်ကိုလာဖျက်စည်းမဲ့ သောင်းကျန်းသူတွေကိုတိုက်ခိုက်နေ
တယ်

 မိုးရွာနေပူ သူမရှောင်ရှားဘူး ဘယ်နေရာမှာပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေလည်းသိအောင်လုပ်တယ်
 သွားကူညီတယ် မင်းတို့ကဘယ်နေရာမှာ တပ်မတော်ဘာမကောင်းတာလုပ်လည်း မီးခွက်ထွန်း ရှာနေချိန်
မှာ သူတို့က ပြည်သူတွေ ဘယ်နေရာမှာ ဘယ်လိုပြဿနာနှင့် ဒုက္ခတွေရောက်နေလဲ မီးခွက်ထွန်းရှာပြီး
ကူညီနေတယ်။  မင်းတို့ကအသက်(၇၀)ကျော်နိုဗယ်ဆုရှင်ကြီးကိုဝန်းရံပြီး ထမိန်ထုပ်ထမ်းနေချိန်မှာ သူတို့
က တိုင်းပြည်က ပြည်သူကြီးငယ်မရွေးကိုဝန်းရံပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်။ တပ်မတော်
မကောင်းဘူးလို့ မင်းတို့ဖင်ပိတ် မျက်လုံးမှိတ်အော်နေချိန်မှာ သူတို့က မင်းတို့အော်နေတာမကြားသလို
ပြည်သူတွေရဲ့အထုပ်ကိုကူညီကာထမ်းလို့ ရေဘေးလွတ်ရာကူညီသယ်ပေးနေရှာတယ်။
မင်းတို့ က အွန်လိုင်းမှာ သတ္တိရှိပြီး မိန်းမတွေလိုအော်နေချိန်မှာ သူတို့က စစ်မြေပြင်မှာ တိုင်းပြည်အတွက်
အသက်ပေးပြီး ယောက်ျားပီသစွာ တိုင်းပြည်အတွက်ကာကွယ်ခဲ့ကြတယ်။ မင်းတို့သားမယားတွေ
Shopping ထွက်နေချိန်မှာ သူတို့ သားမယားတွေက ဘုရားစင်ရှေ့မှာ အမြဲဝတ်ပြုဆုတောင်းနေကြသူတွေ။
မင်းတို့ သားသမီးတွေ မိန်းမတွေ ကလပ်တက်ပြီးအပျော်လွန်နေချိန်မှာ သူတို့က နောက်တန်းကနေ တပ်
တွင်းသက်သာချောင်ချိရေးအတွက် သီးနှံတွေစိုက်ပျိုးလို့ပိုလာရင်ပြည်သူတွေကို ဈေးလျော့ရောင်းပေးနိုင်
အောင် နေပူကျဲကျဲမှာ စိုက်ပျိုးနေကြတယ်။ မင်းတို့တွေ အင်တာနက်လိုင်းမကောင်းလို့အော်နေချိန်မှာ
သူတို့က ပြည်သူတွေကားလမ်းတွေမကောင်းလို့ပြင်ဆင်ပေးနေကြတယ်။ ဒီ့ထက်မက မင်းတို့ထက်အဆ
ပေါင်းများစွာ ယောက်ျားပီသ လူပီသပြီး တိုင်းပြည်အတွက် အသက်စတေးထားကြတဲ့တပ်မတော်သား
တွေကို မင်းတို့မကောင်းနေရင် မင်းတို့ဟာ လူ့လောကမှာ ဆန်ကုန်မြေလေးဆိုတာ ကိုယ့်ကိုယ်ကိုပြောနေ
သလိုပဲ။ တပ်မတော်မကောင်းဘူးလို့ပြောမယ်ဆိုရင် မင်းကိုယ်တိုင်က တိုင်းပြည်အတွက်ဘာလုပ်ပေး
ပြီးပြီလည်းအရင်းစဉ်းစားပြီးမှပြောပါ။ သူများက အမေစုဆိုလို့လိုက်အမေစု သူများကဒီမိုကရေစီဆိုလို
လိုက်ပီး ဒီမိုကရေစီအော် ဘာမှမသိ ဘာမှမတတ် မိဘကြွေးတာစားပြီး လမ်းပေါ်တက်ဆန္ဒပြတိုက်ခန်း
လေးများရမလားပေါ့။ တိုက်ခန်းတော့မရဘူးမင်းတို့လိုလူမျိုးတွေအတွက် အုတ်ဂူပဲရမယ်။

No comments:

Post a Comment