Tuesday, June 30, 2015
"၀" တပ်ဖွဲ့အနေနဲ့ တပ်မတော်နဲ့ယှဉ်တိုက်ဖို့ ဆန္ဒမရှိသလိုအင်အားလည်းမရှိ
"၀" တပ်ဖွဲ့အနေနဲ့ တပ်မတော်နဲ့ယှဉ်တိုက်ဖို့ ဆန္ဒမရှိသလိုအင်အားလည်းမရှိ
**********************************************************************************
လွန်ခဲ့တဲ့လတုံးက ၀ တပ်ဖွဲ့မှ သစ်ခိုးခုတ်သူများကို မြန်မာ့တပ်မတော်မှဖမ်းဆီးထိမ်း
သိမ်းထားခြင်းနှင့်ပတ်သက်လို့ နှစ်ဖက်တပ်တွေ ထိပ်တိုက်ရင်ဆိုင်ပြီး အခြေအနေတင်းမာနေ
ခဲ့ပါတယ်။ အခြေအနေမှာ တစ်ဖက်ဖက်က ကျည်တစ်တောင့်သာ ထွက်လာခဲ့ရင် တိုက်ပွဲဖြစ်
လာမဲ့အနေအထားပါ။ သို့ပေမယ့် ၀ တပ်ဖွဲ့မှတာဝန်ရှိသူတွေဟာ တပ်မတော်နဲ့တိုက်ပွဲမဖြစ်လို
သလို ငြိမ်းချမ်းရေးကိုလည်း ဖျက်ဆီးလိုတဲ့ဆန္ဒရှိပုံမပေါ်ပါဘူး။ ဒါပေမယ့် အချို့မီဒီယာများတွင်
ဝ တပ်ဖွဲ့ဟာ အင်အား သုံးသောင်းကျော်ရှိပြီး လက်နက်အင်းအားများကိုပါ ဓါတ်ပုံမှတ်တမ်းနဲ့
တကွ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ပြီးတော့ ၀ တပ်ဖွဲ့နဲ့ တပ်မတော်အကြားသွေးခွဲနေတဲ့
အရေးအသားများကိုလည်းတွေ့ရှိရပါတယ်။ ၀ တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား မည်မျှရှိနေစေ
ကာမူ တပ်မတော်ကိုတော့ယှဉ်နိုင်စွမ်းမရှိတာကို ၎င်းတို့သိရှိထားပါတယ်။ ဒါ့အပြင် အနောက်
နိုင်ငံတစ်ခုမှ အသည်းအသန်အလိုရှိနေသော မူးယစ်ဘိန်းရာဇာ များမှာ ၀ တပ်ဖွဲ့၏ထိပ်ပိုင်းခေါင်း
ဆောင်တစ်ချို့ထဲမှပါဝင်နေသည်ဟု သတင်းမီဒီယာတစ်ရပ်က ဆိုထားပါတယ်။ ထိုင်းနဲ့လည်း
အဆင်မပြေသော ၀ တပ်ဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်နဲ့အဆင်မပြေဖြစ်လျှင် မိမိလည်ပင်းမိမိ
ကြိုးကွင်းပြန်စွတ်သလိုဖြစ်သွားမှာကို ၎င်းတို့သိရှိထားပါတယ်။ ဒါကြောင့် ၀ တို့အနေဖြင့် တပ်
မတော်နှင့် တိုက်ပွဲများမဖြစ်ရလေအောင် ၊ တပ်မတော်မှလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုမြတ်
နိုးစွာလိုလားသောကြောင့် ၀ တပ်ဖွဲ့မှ တာဝန်ရှိသူများအား နေပြည်တော်သို့ဖိတ်ခေါ်ကာ နှစ်
ဖက်တင်းမာမှုများကို ပြေလည်အောင်ဖြေရှင်းလျက်ရှိပါတယ်။ ၀ တပ်ဖွဲ့အနေဖြင့်လည်း ပြေ
လည်သည်အထိဖြေရှင်းသွားမည်လို့လည်းယူဆရပါတယ်။
ပြည်တွင်းပြည်ပ မီဒီယာများအနေဖြင့် ငြိမ်းချမ်းရေးမရသေးသောလက်နက်ကိုင်
တပ်ဖွဲ့များနှင့် တပ်မတော်အကြား ပိုမို၍ငြိမ်းချမ်းရေးအလှမ်းဝေးအောင်လုပ်နေသကဲ့သို့ ယခု
လိုငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်ပင်လျှင် သွေးထိုးလှုံဆော်မှုများပြုလုပ်နေ
သည်ကို ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှပင်သိရှိနေပီဖြစ်ပါတယ်။ (၂၆) နှစ်ကြာထိမ်းသိမ်းလာ
တဲ့ငြိမ်းချမ်းရေးသဘောတူညီမှုကို ၀ တပ်ဖွဲ့ဘက်ကလည်းအပျက်အစီးမခံနိုင်ဘူးလို့လည်းသိ
ရပါတယ်။ ၀ တပ်ဖွဲ့ UWSA သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
ထဲတွင် အင်အားကြီးမားသောတပ်ဖွဲ့တစ်ခုဖြစ်သည်။ မည်မျှပင်အင်အားကြီးမားနေစေကာမူ
တပ်မတော်၏အင်အားကိုတော့ယှဉ်နိုင်စွမ်းမရှိသော UWSA သည် ယခုတင်းမာနေသောအ
အခြေအနေကို ပြေလည်သည်အထိ တပ်မတော်နှင့် စားပွဲဝိုင်းတွင်သာ ကျည်တစ်တောင့်မ
ထွက်စေပဲ ဆွေးနွေးရမည်သာဖြစ်ပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
















No comments:
Post a Comment