Monday, June 29, 2015
ဒေသခံတိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်စုဆောင်းနေမှုမှာ မှန်ကန်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ပြောကြား
Source: Kachin Daily News
ဇွန်လ ၂၉ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်ရှိ ဒေသခံအမျိုးသားများနှင့် အမျိုးသမီးများသာမက အသက်မပြည့်သော ကလေးငယ်များကိုပါ မကျန် KIA အဖွဲ့မှ လူသစ်စုဆောင်းလျက်ရှိကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ပြောကြားထားကြောင်း သိရပါ သည်။
လူသစ်စုဆောင်းခြင်းနှင့်ပက်သက်ပြီး KIA ခေါင်းဆောင်တစ်ဦးဖြစ်သော
ဂွမ်မော်အနေဖြင့် ငြင်းဆန်ထားသော် လည်း လက်ရှိအောက်ခြေတွင် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ KIA ၏ လူသစ်စုဆောင်းခြင်းကို အမြဲတစေခံ နေရကြောင်းနှင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗန်းမော်ခရိုင်၊ မိုင်းပုတ်မြို့နယ်မှာ အသက် ၁၆ နှစ် အရွယ်ရှိ ရှမ်းအမျိုးသမီး တစ်ဦးကို KIA အဖွဲ့မှ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်း လုပ်ခဲ့တယ်လို့ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူး ဦးစိုင်းဆန်းဝင်း မှ ပြောကြားခဲ့သည်။
ထို့အပြင် စစ်သင်တန်းပေးရာတွင်လည်း အစာဝအောင်မကျွေးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းများနှင့် တိုင်းရင်းသား များ အချင်းချင်း စိတ်ဝမ်းကွဲစေရန် လူမျိုးရေးခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျက်ရှိကြောင်းကို စစ်သင်တန်းမှ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးထံမှသိရှိရသည်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်နှင့် ရှမ်းလူငယ်လေးများကိုလည်း မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြ ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆေးဖြတ်ပြီးသော်လည်း ပြန်မလွှတ်ဘဲ စစ်သင်တန်းတက်ရောက် ခိုင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မှပြောကြားခဲ့သည်။
နော်ဂျာ(ဖားကန့်)
Labels:
သတင်း
Subscribe to:
Post Comments (Atom)













No comments:
Post a Comment