
မြန်မာနိုင်ငံသည် တပ်မတော်အစိုးရလက်ထက်မှ လွှဲပြောင်းပေးအပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်
ငံတော်အ
ဖြစ် ဒီမိုကရေစီလမ်းကြောင်းပေါ်တွ
င်မားမားမတ်မတ်လျှောက်လှမ်း
လျက်ရှိပါသည်။ သို့ရာတွင် အာဏာရပါတီနှင့် အတိုက်အခံ
ပါတီများအကြားနိုင်ငံရေးဖြစ်စဉ်သဘောတရားများအရ အာဏာရပါတီကို အတိုက်အခံပါတီများက အမှားထောက်ပြဝေဖန်ကာ
မိမိပါတီကောင်းကြောင်းကိုရှေ့တန်းတင်၍ မီဒီယာများသို့ဖွင့်ချတတ်ကြပါတယ်။ NLD ပါတီသည် ဒီမိုကရေစီလမ်းစဉ်ကိုသာဦးထိပ်
ထားလျက် နိုင်ငံအာဏာကိုရရှိအောင်ကြိုးပန်းလျက်ရှိရာတွင် ၎င်းတို့ဖွင့်ဆိုသည်ဒီမိုကရေစီစနစ်သည် အမေရိကန်နိုင်ငံ၏ ဒီမိုက
ရေစီစနစ်ကို တသွေမသိမ်းအတုယူထားကြောင်းလေ့လာတွေ့ရှိရပါတယ်။ ၎င်းစနစ်သည် မြန်မာနိုင်ငံနှင့်လုံးဝမကိုက်ညီသော
ဒီမိုကရေစီစနစ်တစ်ခုဖြစ်ကြောင်းကို-
(၁) အမေရိကန်နိုင်ငံသည် လူမျိုးမရှိ၊ သမိုင်းမရှိ တွေ့ရာလူဝင်ရောက်ခိုအောင်းနေထိုင်နိုင်သောနိုင်ငံတစ်ခု။
မြန်မာနိုင်ငံသည်သမိုင်းအစဉ်အဆက်မျိုးရိုးဖြင့်နေထိုင်တည်ထောင်ခဲ့သည့်တိုင်းပြည်၊ တိကျသောတိုင်း
ရင်းသားမျိုးနွယ်စုများဒေသအလိုက်နေထိုင်ရာနယ်မြေ။
(၂) အမေရိကန်နိုင်ငံသည် ဘာသာတရားကိုးကွယ်မှုနှင့်ပတ်သက်၍ နိုင်ငံ၏တရားဝင်ဘာသာတရားမရှိပါ။
မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် ဗုဒ္ဒဘာသာတရားထွန်းကားပြီး ဗုဒ္ဒဘာသာနိုင်ငံဟုတရားဝင်
ကြေငြာထားသည့်နိုင်ငံဖြစ်သည်။
(၃) အမေရိကန်နိုင်ငံသည်လူပေါင်းစုံလာရောက်နေထိုင်သောနိုင်ငံဖြစ်သောကြောင့်လူမျိုးမရှိနိုင်ငံဖြစ်ပြီးး ၎င်း
နိုင်ငံအတွင်းသို့ဝင်ရောက်လာသော အခြားသောနိုင်ငံသားများးကို၎င်းတို့နိုင်ငံသားဟုသတ်မှတ်ပြီး နေထိုင်
စေနိုင်ခြင်း။
မြန်မာနိုင်ငံသည်ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုယ့်စာပေတို့ဖြင့်နေထိုင်လာသောကြောင့်အခြားသောပြည်ပနိုင်
ငံများမှ ခိုလှုံခွင့်တောင်းလာလျှင်လူသားချင်းစာနာထောက်ထားသောအားးဖြင့်ခေတ္တနေထိုင်ခွင့်ပေးနိုင်
သော်ငြားလည်းအမျိုးဘာသာသာသနာအတွက် ခိုလှုံခွင့်တောင်းသူများကိုသေချာစီစစ်ပြီးမှ နိုင်ငံသား
အဖြစ်နေထိုင်စေခြင်း။
(၄) အမေရိကန်နိုင်ငံမှာ အင်အားကြီးနိုင်ငံဖြစ်သော်ငြားလည်း မြန်မာနိုင်ငံနှင့်ယဉ်ကျေးမှုမှာ ဆီနှင့်ရေလိုကွာ
ခြားနေခြင်း။
မြန်မာပြည်သူများသည် အမေရိကန်နိုင်ငံတိုးတက်နေတာကိုရုပ်ရှင်မီဒီယာများမှတဆင့်မြင်တွေ့နေရကြပြီး
မိမိတို့နိုင်ငံသည် ထိုကဲ့သို့နိုင်ငံမျိုးဖြစ်လျှင်သိပ်ကောင်းမှာပဲဟုတွေးတောနေသူတပုံတပင်ရှိကြသည်။ မြန်မာနိုင်ငံထို
ကဲ့သို့တိုးတက်နိုင်ပါသည်။ ဒါပေမယ့် ထိုအတိုင်းတော့မဖြစ်စေရပါ။ ညဘက် Night Club၊ ကာစီနို၊ တခြားသောဥပဒေ
မဲ့ လုပ်ရပ်များ၊ လမ်းပေါ်မှာကိုယ်လုံးတီးလမ်းလျှောက်ဆန္ဒပြခွင့်များ၊ လိုင်စင်သေနတ်ဖြင့်အပြစ်မဲ့ပြည်သူများကိုအ
ကြောင်းမဲ့သတ်ဖြတ်ခြင်းများ၊ မိန်းကလေးများ(အမျိုးကောင်းသားသမီးများအပါအ၀င်) လူငယ်များ မူးယစ်ဆေးဝါး
၏သားကောင်းဖြစ်စေခြင်းများ၊ မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် (၁၄)ခုတို့တွင်နေထိုင်သောတိုင်းရင်းသားပေါင်းစုံ
တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၎င်းနိုင်ငံတွင်မရှိခြင်း စသည်တို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ၎င်းနိုင်ငံ၏
ဒီမိုကရေစီစနစ်တိုမတူခြားနားနေသောအချက်များပင်ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် DVB သို့ပြောကြားသွားရာတွင်လည်း ဒို့ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံ
နှင့်ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲဖြစ်ရမယ်ဟု ပြောကြားသွားခဲ့ပါတယ်။ NLD ပါတီအနေဖြင့် ဒီမိုကရေစီကိုအမှန်တကယ်
မြတ်နိုးပြီးပြည်သူတွေကို ဒီမိုကရေစီရဲ့အရသာကိုပြချင်ရင် မြန်မာနိုင်ငံနှင့်ဆီလျော်တဲ့ ဒီမိုကရေစီအရသာကိုသာပေး
စေချင်ပါတယ်။ တိုင်းတပါးအားပေး၊ တိုင်းတပါးအာဏာခံတို့ရဲ့ဒီမိုကရေစီဆိုတာ အင်္ဂလိပ်ခေတ်က မြန်မာပြည်သူ
သူတို့ရဲ့ဘ၀သာသာ လောက်တော့ ပြည်သူတွေက မ မက်မောကြဘူးဆိုတာတိုင်းတပါးကဒီမိုကရေစီကိုအားကျနေ
သူများသို့ပြောကြားလိုပါသည်။
No comments:
Post a Comment