Tuesday, June 30, 2015
ဒေါ်စုကြည် ပြည်သူတွေအချင်းချင်းရန်တိုက်ပေးနေပြီ
(၃)ရက်ကြာပြုလုပ်ခဲ့တဲ့ ခြေဥပြင်ဆင်ရေးတွင် ပုဒ်မ ၅၉(ဃ) တစ်ခုသာလျှင်ပြင်ဆင်
နိုင်ခဲ့ပြီး အခြားပုဒ်မများကို ပြင်ဆင်ရန် လျှို့ဝှက်မဲခွဲဆုံးဖြတ်ခဲ့ရာတွင် NLD ပါတီမှ အစဉ်တစိုက်
ပြုလုပ်ခဲ့သောပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးတို့ မဲရှုံးနိမ့်ခဲ့ပြီးနောက်
ထိုနေ့တွင်ပင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ခြေဥပြင်ဆင်နိုင်ဖို့အရေးပြည်သူတွေ
ဆန္ဒပြကြဖို့တောင်းဆိုခဲ့ပါတယ်။ ဒေါ်စုကြည်သည် ယင်းပုဒ်မ ၅၉(စ) မပြင်ဆင်လျှင်သမ္မတ
မဖြစ်နိုင်သည့်အတွက် အဆိုပါပုဒ်မအား ပြင်ဆင်ရန် အားထုတ်ကြိုးပမ်းခဲ့သည်မှာ အချိန်ကာ
လ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ထိုသို့အားထုတ်ခဲ့ရာတွင်လည်း ပြည်သူများ၏ အလိုအလျောက်မဲ
ဆန္ဒပေးခြင်းမျိုးမဟုတ်ပဲ လူစည်ကားရာ ဈေး လမ်းမကြီးများပေါ်တွင် ဟောပြောစည်းရုံးလျက်
မဲဆွယ်ခဲ့ခြင်းသာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ကိုထဲထဲဝင်ဝင်မသိသောပြည်သူများအား အတင်းဆွဲ
ခေါ်ကာ လက်မှတ်လေးတစ်ချက်သာထိုးပေးလိုကြောင်း အလှူခံသဖွယ်ပြုမူ၍ စည်းရုံးခဲ့ခြင်း
ဖြစ်ပါတယ်။ ထိုသို့နည်းမျိုးစုံဖြင့်စည်းရုံးခဲ့ရာ အခြေခံလူတန်းစား ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကောင်းစွာနားမလည်သော လူများစု ပါဝင်လက်မှတ်ထိုးထားသည့် အရေအတွက် ငါးသန်းခန့်
ရရှိခဲ့ပါသည်။ ထို့နောက်တွင်တော့ ခြေဥပြင်ဆင်ရေး ဥပဒေအစားထိုးမှုများကို မိမိပါတီ၊ မိမိတ
ကိုယ်တည်းအတွက် အချိန်တိုအတွင်းမှာပင်ရေးဆွဲပြီး လွှတ်တော်သို့တင်၍ မဲခွဲဆုံးဖြတ်ရန်
အဆိုပြုခဲ့ပါတယ်။ သူမတို့အဆိုပြုခဲ့သည့်အတိုင်းပင် လွှတ်တော်၌မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ
နှင့် ကန့်ကွက်မဲမှာ ကန့်ကွဲမဲမှ ဥပဒေအရ သာလွန်သောကြောင့် အခြေခံဥပဒေကိုပြင်ဆင်ခွင့်
မရခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ပြင်ဆင်ခွင့်မရသည့်အချိန်တွင် သမ္မတရာထူးကိုမှ လိုချင်တက်မက်
လွန်းသောသူအဖို့ သူမအားထောက်ခံသောပြည်သူအချို့ကိုသာ လမ်းပေါ်ဆွဲထုတ်ဆန္ဒပြစေဖို့
သာရှိတော့သည်ကိုသူမ နားလည်သဘောပေါက်ခဲ့ပါသည်။ ထို့ကြောင့်လည်း သူမအားထောက်
ခံသောပြည်သူအချို့အား ခြေဥပြင်ဆင်ရေး ဆန္ဒပြကြရန် သတင်းစာရှင်းလင်းပွဲမှတဆင့်လှုံဆော်
တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ထို့နောက်ရက်များမကြာမီမှာပင် သူမ၏အစီအစဉ်အတိုင်း သူမအားထောက်ခံသော
ပြည်သူအချို့မှာ လမ်းမပေါ်သို့ထွက်လာရပြီး ဆန္ဒပြအော်ဟစ်ကြရပါတော့တယ်။ ဆန္ဒပြပြီဆိုပါ
လျှင် ထိုဆန္ဒပြလူအုပ်အား တရားဥပဒေနှင့်ညီမညီ အထက်အာဏာပိုင်များမှစစ်ဆေးကြည့်ရှု့
ကြရပါတယ်။ အကယ်၍ညီခဲ့ပါကလည်း သောင်းကျန်းမှုဆန်ဆန်၊ အကျန်းဖက်မှု့ဆန်သော
ဆန္ဒပြမှု့မျိုး မဖြစ်စေရန်ကြည့်ရှု့ထိန်းသိမ်းရပါတယ်။ အကယ်၍များ ဆန္ဒပြသူများမှ အကျန်းဖက်
လာပါကလည်း တရားဥပဒေနှင့်အညီဆောင်ရွက်ရပြန်ပါတယ်။ နောက်ဆုံး ဆန္ဒပြသူများမှ
အကျန်းဖက်မှုများကိုတားဆီးမရပါက ဥပဒေတွင်ပြဌာန်းထားသောစည်းမျဉ်းများအရထိန်းသိမ်း
ရပါသည်။ ထိုအခြေအနေမျိုးတွင် ၎င်းတို့ကိုဆန္ဒပြနေသောပြည်သူများကိုထိန်းသိမ်းရသည့်
အဖွဲ့အစည်းများသည် ပြည်သူဘ၀မှတဆင့်နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော
ပြည်သူများသာလျှင်ဖြစ်ပါတယ်။ တာဝန်အရ ဥပဒေအရ ဆောင်ရွက်နေရပေမယ့် မိမိပြည်သူ
အချင်းချင်းမည်သူမျှ တားဆီးပြဿနာဖြစ်ချင်မည်မဟုတ်ပါပေ။ သို့ပေမယ့် နောက်ကွယ်မှသွေး
ထိုးလှုံ့ဆော်သူတချို့ကြောင့် ပြည်သူအချင်းချင်းပြဿနာဖြစ်ပွားလာရပါသည်။ ယခု သိမ်ကြီး
ဈေးတွင်ဆန္ဒပြနေသော အဖွဲ့အစည်းသည် အကျန်းမဖက်ဆန္ဒပြလျှင်တော့ စိတ်နည်းနည်း
အေးရမည်ဖြစ်ပေမယ့် အကျန်းဖက်လာလျှင်တော့ မလိုလားအပ်သောပြဿနာများနှင့် ပြည်
သူအချင်းချင်း သွေးရဲသံရဲဖြစ်လာမည်ကိုတော့စိုးရိမ်မိပါသည်။ ထို့ကြောင့် တိုင်းသူပြည်သား
ပြည်သူအချင်းချင်းပြဿနာဖြစ်စေမည့် ပြည်သူများအားလမ်းပေါ်ထွက်ကာ နိုင်ငံဝန်ထမ်း
ပြည်သူများနှင့် ထိပ်တိုက်ပေးတွေ့ကာ ပြဿနာမဖန်တီးစေလိုပါ။ သတ္တိရှိပါသည်ဟုကြွေးကြော်
နေသော ဒေါ်စုကြည် အမှန်တကယ်သတ္တိရှိပါလျှင် ပြည်သူများကိုဓါးစားခံမပြုလုပ်ပဲ အထက်
ခေါင်းဆောင်အချင်းချင်းသာဆွေးနွေးစေလိုပါတယ်။ မနိုင်နိုင်ရာမဲ၊ မကရတဲ့အဆုံး ပတ်မကြီး
ထိုးဖောက်တတ်တဲ့အကျင့်မျိုးလဲ ဒေါ်စုကြည်ထံတွင်မထားသင့်တော့ပါ။ အသက်က(၇၀) စိတ်
ဓါတ်က (၇) နှစ်သားစိတ်ဓါတ်မျိုးဖြင့် နိုင်ငံတော်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်လျှင်တော့ ကျနော်
တို့မြန်မာနိုင်ငံဟာ မည်သည့်နည်းနဲ့မျှ ဒီမိုကရေစီစစ်စစ်ကိုရနိုင်တော့မည်မဟုတ်ပါကြောင်း
ပြောကြားလိုပါတယ်။
Subscribe to:
Post Comments (Atom)



















No comments:
Post a Comment