Wednesday, June 24, 2015
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်သလား
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ နှင့်ပတ်သက်၍ ဇွန်လ ၂၃ ရက်နေ့တွင်
ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနှင့်ပတ်သက်၍ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်မှ
နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူး ပြောင်း ဆဲကာလတွင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း လုံခြုံရေးနှင့် အမျိုးသားအကျိုး
စီးပွားအတွက် ဒီမိုကရေစီ အလေ့ အကျင့် များ မရင့်ကျက်သေးသည့် အချိန်၊ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်အချိန်တွင်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ၊ ပုဒ်မ ၄၃၆ (က)နှင့် (ခ)ပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာ
ထားရှိသင့်သည်ဟု ဆွေး နွေးတင်ပြခဲ့ပါတယ်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စား
အချို့မှာမူ ၎င်းသဘောထားကိုငြင်းဆန်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကိုသာ မလွတ်တမ်းပြောဆိုခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ပုဒ်မ ၅၉ (ဃ) နှင့်(စ) ပြင်ဆင်ရေးကိုလည်းပိုမို၍လုပ်ဆောင်နေကြောင်းတွေ့ရှိရ
ပါတယ်။ ပုဒ်မ ၅၉(ဃ)နှင့်(စ) အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ပိုင်ခွင့်လုံးဝ ပိတ်ပင်ထားသည့်ဥပဒေဟု အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ တသမတ်တည်းသတ်မှတ်ထားကြပါတယ်။ သို့ရာတွင် ယင်းပုဒ်မမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်
ခွင့်ကို ပိတ်ပင်ထားခြင်းမဟုတ်ပဲ တိုင်းရင်းသားမဟုတ်တဲ့နိုင်ငံသားတွေသမ္မတဖြစ်ခွင့် ကိုသာပိတ်ပင်ထားခြင်းဖြစ်ပါသည်။ တိုင်း
ရင်းသားမဟုတ်တဲ့ နိုင်ငံသားများသမ္မတဖြစ်သွားလျှင် မိမိနိုင်ငံသည် မိမိလူမျိုးနှင့် မိမိတို့၏ အချုပ်အခြာအာဏာကိုပိုင်ဆိုင်တော့
မှာ မဟုတ်သလို နိုင်ငံတော်၏ဦးထိပ်ပန်ဆင်ထားသော ဒို့တာဝန်အရေးသုံးပါးလည်းပျက်သုဉ်းသွားနိုင်ပါတယ်။ ဥပမာ ပြောရလျှင်
ရခိုင်ပြည်တွင် ဘင်္ဂလီများ ခိုးဝင်နေထိုင်ခြင်းကို မိမိလူမျိုးမဟုတ်သော တိုင်းတပါးသား နိုင်ငံသားကတော့လက်ခံပေးမည်ဖြစ်ပါ
သည်။ လက်တွေ့ကြည့်လျှင် ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ရခိုင်ဘင်္ဂလီအရေးအခင်းမှာ ရခိုင်လူမျိုးပေါင်းများစွာကို ဘင်္ဂလီများမှ ရက်
စက်စွာသတ်ဖြတ်နေသည်ကိုသိပါလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ တိုင်းပြည်၏တိုင်းရင်း
သားလူမျိုးဖြစ်သော ရခိုင်လူမျိုးများကိုအပြစ်ပြောကာ ဘင်္ဂလီများဘက်မှနေ၍ လူနည်းစုကိုစာနာထောက်ထားပါဟုပင်ပြောခဲ့လိုက်
ပါသေးသည်။ ထိုမှနောက်တဆင့်ကြည့်လျှင် ယခုနှစ် ဖေဖော်ဝါရီလတွင်စတင်ခဲ့သော လောက်ကိုင်တိုက်ပွဲများ၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တွေ့လေရာအကြောင်းအရာတိုင်းကို ကြေငြာချက်ထုတ်ပြန်
တတ်တဲ့ NLD ဟာ ယခုအခါမှာတော့ သူနှင့်မဆိုင်သလိုငြိမ်နေခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်
ဟာ တိုင်းပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများစည်းလုံးညီညွှတ်ရေး၊ အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ရေးများ
တွင် စိတ်ပါဝင်စားမှုမရှိပဲ၎င်းသမ္မတဖြစ်ခွင့် ၎င်း၏ပါတီ အာဏာရဖို့ကိုသာ နိုင်ငံအနှံငွေကြေးပေါင်းမြောက်များစွာအသုံးပြုပြီးလုပ်
ကိုင်နေတာကိုပဲတွေ့မြင်နေရပါတယ်။
ပုဒ်မ ၄၃၆ (က) မူ ပြဌာန်းချက်များတွင် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူထောက်ခံမှသာလျှင်
ဖွဲ့စည်းပုံကိုပြင်ဆင်ရမည်ဟုဖော်ပြထားရာ ၎င်းအချက်နှင့်ပတ်သက်၍ NLD ပါတီမှ လက်မခံခဲ့ပါပေ။ ထို့ကြောင့် ၇၅ ရာခိုင်နှုန်း
ကျော်အစား ၇၀ ရာခိုင်နှုန်းထက်မလျော့သော ဆိုသည့်အချက်ကိုပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေသည် နိုင်ငံတစ်ခုလုံး၏ အသက်ပင်ဖြစ်သောကြောင့် ခုပြင်လိုက် နောက်ပါတီတစ်ခုက မကြိုက်၍ နောက်တစ်ခါပြင်လိုက်
ဆိုလျင် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သို့အာဏာတွင်တော့မည်နည်း။ မိမိပါတီနှင့်မအပ်စပ်၍ပြင်ပေးရန်တောင်းဆိုခြင်း၊
မိမိတို့၏သဘောထားနှင့်မတူညီ၍ပြင်ဆင်ပေးသင့်ကြောင်း အမြဲပြောဆို၍ တောင်းဆိုတိုင်းသာပြင်ပေးရမည်ဆိုလျင် ထိုနိုင်ငံ
၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြေခံဥပဒေနှင့်မတူတော့ပဲ လူတစ်ဦးတစ်ယောက်ကောင်းစားရေး၊ သို့မဟုတ် တစ်ဦးတစ်
ယောက်အာဏာရရှိရေး ဘက်သို့ဦးတည်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားသည် ကစဉ့်ကလျားဖြစ်သွားဖြစ်
သည်။ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်စီးသွားလျင် ၎င်းနိုင်ငံသည်ပျက်စီးသည်နှင့်အတူတူပင်ဖြစ်ပါလိမ့်မည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းထက် မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွေ့အကြုံအရမ်းနုနယ်နေလွန်းပါသေးသည်။ တတိယ
တန်းကျောင်းသားငယ်တစ်ယောက်ကို ဒဿမတန်း စာပေများသင်ကြားပေးလို့မရသေးပါ။ အဆင့်ဆင့်လိုက်သင်ကြားသွားရ
မည်သာဖြစ်ပါတယ်။ ဘယ်အရာမဆို အဆင့်လိုက်သာချီတက်ရပါတယ် အဆင့်ကျော်လျင် လှေကားအထစ်ကျော်သလို မမှီမ
ကမ်းနှင့် ပြဿနာများကြုံလာနိုင်ပါတယ်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဒီမိုကရေစီထွန်းကားနေသောနိုင်ငံများသည် နှစ်ပေါင်း
များစွာ ယင်းဒီမိုကရေစီစနစ်ကို အတွေ့အကြုံရှိပြီးဖြစ်၍ နေသားကျနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံလိုနိုင်ငံမျိုးအနေဖြင့် ဒီမို
ကရေစီသက်တမ်းနုနယ်နေချိန်မှ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ်နှင့်ကျင့်သားရနေသူများကဲ့သို့ဖြစ်လာနိုင်မည်
မဟုတ်သေးပါ။ ထို့ကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သည့်ယခုအချိန်တွင်စောလွန်းနေသေးပြီး၊ တစ်ဦးတစ်ယောက်တည်းသမ္မ
တဖြစ်ဖို့အတွက်နှင့် နိုင်ငံတော်၏အသက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်သင့်ပါပေ။ ထို့ပြင် ထိုသို့ပြင်ဆင်ခဲ့လျှင်
တခဏတာအတွက်သာဖြစ်ပြီး နိုင်ငံအတွက် ရေရှည်တွင် လူမျိုးခြားများဦးဆောင်မှုကိုအားပေးနေရာရောက်ပါသည်။ တိုင်းပြည်
အတွက်ဟုဆိုကာ မိမိတို့ကိုယ်ကျိုးအတွက် ပြည်သူကိုခုတုံးလုပ်၍ အာဏာကိုအရယူမည့်ပါတီသည် မိမိတို့နိုင်ငံအတွက် မကောင်း
သော၊ ဆိုးဝါးသော ပါတီတစ်ခုအဖြစ်သာ သတ်မှတ်ရမည်ဖြစ်ပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)














No comments:
Post a Comment