Links

clock

Wednesday, June 24, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာ တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများကို တွေ့ဆုံ အားပေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မိတ္ထီလာတပ်နယ်ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်
အားပေးစကားပြေားကြားနေစဉ်
 နေပြည်တော် ၊ ဇွန် ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံတွေ့ဆုံ၍ ဆေးကုသနေမှုနှင့် ကျန်းမာရေးအခြေအနေ များကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးလူနာဆောင်သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်တစ်ဦးချင်းကို ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တပ်မတော်ဆေးရုံ အစည်းအဝေးခန်းမတွင် ဆေးရုံတပ်မှူးက ဆေးကုသမှု အခြေအနေများနှင့် အုပ်ချုပ်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံရှိ အာဟာရဌာန စနစ်တကျ ရှိရေး တပ်မတော် အခြေခံပညာကျောင်းများအား ကျောင်းကျန်းမာရေး ဆောင်ရွက်ပေးရေး၊ စစ်မှုထမ်းဟောင်းများအား ဆေးဝါးကုသပေးရေး၊ အခါအားလျှော်စွာ တပ်ဌာနချုပ်များတွင် ရေကောင်းရေသန့် ရရှိမှု စစ်ဆေးပေးရေး ကိစ္စရပ်များအား မှာကြား၍ တင်ပြချက်များအပေါ် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံအတွက် အသင့်ဖျော် ရွှေဖီဦး လက်ဖက်ရည်ထုပ်များ ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ ရှင်းလင်းဆောင်တွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေး မှူးရုံး ဒုတိယညွှန်ကြားရေးမှူးက စက်ရုံကုန်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန်ရေးနှင့် ၀န်ထမ်းများ၏ သက်သာ ချောင်ချိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် စက်ရုံထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိထ္ထီလာ မြေပြင်အတတ်သင်လေတပ်စခန်း သို့ ရောက်ရှိကြပြီး လေယာဉ်ပြေးလမ်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြား၍ လေယာဉ်ပြေးလမ်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

No comments:

Post a Comment