ယနေ့ ၂၅-၆-၂၀၁၅ ရက်နေ့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပုဒ်မ ၅၉ (ဃ)၊ (စ) ပြင်ဆင်ရေးတွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ပုဒ်မ၄၃၆(က)ကိုပြင်ဆင်ခြင်းမှာ ထောက်ခံမဲ ၆၇% ကန့်ကွက်မ ၃၃% ရှိပြီး
၄၃၆(ခ)ကိုတော့ ထောက်ခံမဲ ၆၇% ကန့်ကွက်မဲ ၃၃% ပုဒ်မ၅၉(စ) ကိုတော့ ထောက်ခံမဲ၅၅%
နှင့် ကန့်ကွက်မဲ ၄၅% ရှိခဲ့တယ်လို့သိရပါတယ်။ ထိုသို့သောရလာဒ်များအရ ဒေါ်အောင်ဆန်းစု
ကြည်မှာ သမ္မတဖြစ်ရန် လုံးဝမသေချာတော့သောအခြေအနေသို့ေ၇ာက်ရှိနေပါပြီ။ ဒါကိုသိတဲ့
ဒေါ်အောင်ဆန်းစုကြည်ကတော့ ယခု
လိုရလာဒ်ဟာ ပြည်သူတွေက အပြောင်းအလဲကိုမလိုလားကြောင်းပြောဆိုလိုက်ပါတယ်။
အစ ပထမတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅%မှ ထောက်ခံမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဆောင်ရွက်နိုင်မည်ဟုပြဌာန်းထားသောကြောင့် ၎င်းတို့၏လိုအပ်
ချက်အတိုင်း ၇၀% နှုန်းထက်မလျော့သော ဟုသောသတ်မှတ်ချက်အတိုင်းဆိုလျင်ပင်
ပုဒ်မ ၄၃၆ ၊ ပုဒ်မ ၅၉(ဃ) (စ) တို့ကိုပြင်ဆင်ရန် လွှတ်တော်၏ ၄၅% မှကန့်ကွက်ခဲ့ခြင်းမှာ တပ်မတော်မှကိုယ်စားလှယ်များကန့်ကွက်မှုမရှိလျင်ပင်ယင်းပုဒ်မများကို လွှတ်တော်အမတ်များ
မှပြင်ဆင်လိုခြင်းမရှိကြပါပေ။ ဒါကိုဒေါ်စုကြည်မှ လွှတ်တော်မှ ကိုယ်စားလှယ်များသည် အပြောင်း
အလဲကိုအလိုမရှိကြောင်းစွတ်စွဲခဲ့ပါတယ်။ ဒါဟာမိမိသမ္မတဖြစ်ခွင့်ကိုပိတ်ပင်သည်ဟုယူဆကာ မိမိအားတိုက်ခိုက်လာသောမည်သူ့ကိုမဆို ရန်သူဟုသတ်မှတ်ထားသည်ဟူသောဒေါ်စုကြည်၏
သဘောထားကိုလက်တွေ့ တွေ့မြင်လိုက်ရခြင်းပင်ဖြစ်ပါသည်။
၆ ပွင့်ဆိုင်ဆွေးနွေးပွဲဆွေးနွေးပွဲကိုလည်းမစဉ်းစားတော့ကြောင်းပြောဆိုနေပေမယ့် ၎င်းတွေ့ဆုံမှုဟာ သူမကတောင်းဆို၍သာ အခြားသောသက်ဆိုင်ရာများမှလိုက်လျောခြင်းဖြစ်ကြောင်းကိုပြည်သူတွေနားလည်
စေချင်ပါတယ်။ NLD ပါတီဟာ ရွေးကောက်ပွဲဝင်မ၀င်မပြောနိုင်သေးပါဆိုပြီး တဖက်မှာလည်း
ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရဖို့ဟုကြွေးကြော်နေတာကိုလည်းတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်း
အားဖြင့် NLD ပါတီဟာပြည်သူတွေကိုလှည့်စားဖျားယောင်းနေခြင်းဖြစ်တာကိုတွေ့မြင်နေရပါတယ်။
ယခင်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အစဉ်တစိုက်လုပ်ဆောင်ခဲ့သော ပါတီမှာ တကယ်
တမ်းလွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာတွင်တပ်မတော်မှသာလျှင်မဟုတ်ပဲ အခြားအရပ်သားလွှတ်တော်
အမတ်များမှ ကန့်ကွက်ခဲ့ခြင်းကြောင့်ယခုလိုသွေးပျက်၍ ကယောင်ကတမ်းပြောဆိုလျက်
ရှိနေပါတယ်။ ယခင်က အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်ကိုယ်စားလှယ်တစ်ခုတည်းမှသာပြင်ဆင်
ဖို့ကန့်ကွက်ခဲ့သည်ဟုထင်ထားခဲ့သော NLD သည်ယခုတော့ အရပ်သားကိုယ်စားများ၏ကန့်ကွက်မှုများ
ကြောင့် စိတ်ဓါတ်ကြီးမားစွာကျဆင်းကြောင်းနှင့် ရွေးကောက်ပွဲဝင်ရန်ပင် စိုးရွံနေကြောင်းသိရှိ၇ပါတယ်။














No comments:
Post a Comment