Friday, June 26, 2015
ပွင့်လင်းမြင်သာမှုကိုဦးဆောင်နေသော ပွင့်လင်းမြင်သာမှုမရှိသူများ
၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်နိုင်သူမှာ သူမတစ်ဦးတည်းသာရှိကြောင်း၊ ပုဒ်မ ၅၉(စ)မပြင်ပေးလျှင်ပြည်
သူတစ်ရပ်လုံးဆန္ဒပြပေးရန် တိုက်တွန်းကြောင်းလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က BBC အင်တာဗျူးတစ်ရပ်တွင်ပြောဆိုခဲ့ကြောင်း Daily ELEVEN သတင်းတစ်ရပ်တွင်ဖော်ပြခဲ့ပါတယ်။
ထို့အပြင် ဖွဲ့စည်းပုံမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမ၀င်ဟု ဧရာဝတီသတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား
တာကိုလည်းတွေ့ရပါတယ်။ထိုသို့ပြောဆိုနေခြင်းဟာ ဒေါ်စုကြည်သည် သမ္မတရာထူးကို
အင်မတန်မှလိုလားတက်မက်နေတာကိုတွေ့ရပါတယ်။ ပုဒ်မ၅၉(စ) မပြင်ဆင်ယုံနှင့် ပြည်သူ
တစ်ရပ်လုံးအားလမ်းပေါ်သို့ဆွဲခေါ်ထုတ်နေပြန်ပါပြီ။ တိုင်းပြည်တည်ငြိမ်အေးချမ်းကိုကို ဖျက်စည်းကာ
မိမိသမ္မတ မဖြစ်နိုင်တော့သည်နှင့် တိုင်းပြည်၏ပြည်သူတစ်ရပ်လုံးလုပ်ငန်းတာဝန်များကို လစ်ဟင်းကာ လမ်းပေါ်ထွက်ဆန္ဒပြစေခြင်းသည် နိုင်ငံတော်၏တိုးတက်မှုကိုအမှန်တကယ်
လိုလားသူမဟုတ်နိုင်ပါ။ ဒါ့အပြင် ဖွဲ့စည်းပုံမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမ၀င်လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ
ထဲမှာပြောကြားထားပြီး ယခုအချိန်မှာတော့ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရဖို့ပြောနေပြန်ပါပြီ။ ပါတီကြီးတစ်ခုရဲ့ ဥက္ကဌလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်၊တိုင်းပြည်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း
ရဲ့သမီး ဖြစ်ပါလျက်နှင့် ထိုကဲ့သို့သော စကားကိုရှေ့နောက်မညီပြောဆိုနေလျင်သူမသာ နိုင်ငံတော်
သမ္မတဖြစ်သွားလျှင် ပြည်သူများက စကားကိုရှေ့နောက်မညီပြောဆိုတတ်တဲ့ သူမကိုမည်သို့မှ
ယုံကြည်၍မရနိုင်ပါ။စကားကိုလိုရာသာဆွဲပြောပြီးရှေ့နောက်မညီသော NLD သည် အခြေခံဥပဒေ
မအောင်မြင်သော်လည်း ၎င်းတို့ပါတီကိုမဲပေးပါက အစိုးရဖွဲ့နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ
ထပ်မံပြောဆိုပြန်ပါသည်။ ပွင့်လင်းမြင်သာသာဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးဟုသောကြွေးကြော်
မှုဖြင့်ပြည်သူတို့၏ထောက်ခံမှုကို ရယူလိုသော၎င်းပါတီကိုယ်တိုင်ကပင် အစိုးရအဖွဲ့ခေါင်းဆောင်
လုပ်ကိုင်နိုင်မည့်သူကိုရွေးချယ်ထားပြီးဖြစ်သော်လည်း ချပြရန်မဖြစ်နိုင်သေးကြောင်းပြောဆိုခြင်းမှာ
ပွင့်လင်းမြင်သာမှုမရှိပါပေ။ မိမိကတိပြုထားသော၊ မိမိတို့ရပ်တည်သာလမ်းကြောင်းကို ပြည်သူတွေ
အတွက်လုပ်ကိုင်ပေးဖို့မပြောနဲ့ မိမိတို့ကိုယ်တိုင်ကပင် ပွင့်လင်းမြင်သာ
အောင် မလုပ်လျှင် ပြည်သူတွေကိုညာ၍ ထောက်ခံမှုယူနေခြင်းမဟုတ်ပါလား။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)















No comments:
Post a Comment