Links

clock

Friday, June 26, 2015

မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ


Source: Kachin Daily News
ဇွန်လ ၂၅ ရက်၊ ၂၀၁၅

ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ်များအား ဇွန် ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။

KIA အဖွဲ့သည် မိုးကောင်း-ကာမိုင်းသွား ကားလမ်းပေါ်တွင် သွားလာနေသော ခရီးသွားယာဉ်များအား ဆောင်းခါ ကျေးရွာနှင့် လဘန်ကထောင်ကျေးရွာကြား၊ တံတားအနီးနှင့် ဂျာမိုင်ကထောင် အနီးတစ်ဝိုက်တွင် ဆက်ကြေးငွေများ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသွားသည်။

“ညနေ ၄ နာရီကျော်လောက်ကဖြစ်တာပါ KIA အဖွဲ့ဝင် ၅၀ ကျော်လောက်တော့ရှိမယ်၊ သူတို့ထဲက ၁၅ ယောက် လောက်က သေနတ်တွေပါတယ်၊ ဆောင်းခါရွာနဲ့ လဘန်ကထောင်ကျေးရွာကြား တံတားအနီးနဲ့ ဂျာမိုင် ကထောင်အနီး တစ်ဝိုက်မှာ ဆက်ကြေးကောက်နေတာ၊ ပါဂျဲရိုး၊ဆပ်(ဖ်)နှင့်ဘင်ကား တစ်စီးကို (၅)သောင်း၊ မှန်လုံယာဉ်ငယ် ဆိုရင် (၁)သိန်း၊ ယာဉ်ကြီးတစ်စီး (၂)သိန်းကျပ်နှုန်း တောင်းတယ် ” ဟု ယာဉ်မောင်း တစ်ဦးက ပြောကြား သွားသည်။

“ကျွန်တော်ကတော့ (၅) သောင်း ပေးလိုက်ရတယ်၊ ကျွန်တော်လဲ ပေးပြီးကြောက်လို့ မြန်မြန်ထွက်လာခဲ့တာ၊ အရင် တစ်ခါတုန်းကလဲ မပေးရင် သေနတ်နဲ့ပစ်တာဆိုတော့ မပေးဘဲ မနေရဲဘူး၊ တော်ကြာအပစ် ခံနေရအုံးမယ်၊ ဒီလိုမျိုး တောင်းနေတာတွေကတော့ မင်းမဲ့စရိုက် ဆန်လွန်းတယ်၊ ဒီလိုသာအမြဲလုပ်နေရင် ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ အတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်၊ တာဝန်ရှိအဖွဲ့ အစည်းတွေ ကာကွယ်ပေးဖို့ တော့လိုတယ်”ဟု ၎င်းမှ ဆက်လက် ပြောကြားသည်။

Seng Naw(ဖားကန့်)

No comments:

Post a Comment