ရွှေမှော်လုပ်သားများထံမှ KIA အဖွဲ့ ဆက်ကြေးကောက်ခံလျက်ရှိ
**********************************************************************
Source: Kachin Daily News
ဇွန်လ ၃၀ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်များတွင် အလုပ်လုပ်နေသူများအား KIA အဖွဲ့မှ ရွှေမှော်အတွင်းသို့ ၀င်ကြေးအဖြစ် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ကောက်ခံလျက်ရှိကြောင်း ရွှေလုပ်သား တစ်ဦးမှ ပြောပြပါသည်။
ဖြစ်စဉ်မှာ ဖားကန့် KIA စခန်းနှင့် အနီးတစ်ဝိုက်ရှိရွှေမှော်များတွင် ဇွန်လ ၈
ရက်နေ့မှစတင်၍ KIA အဖွဲ့များမှ လာရောက် စစ်ဆေးခြင်းများရှိနေ သည့်အတွက် ရွှေမှော်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားအချို့မှာ KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏နေရပ်များသို့ ပြန်သွားကြကြောင်း ဖားကန့်မြို့နယ် ရွှေမှော် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ KIA အဖွဲ့မှ လိုက်လံစစ်ဆေးခြင်းများပြုလုပ်ပြီး ရွှေလုပ်သားများအား ရွှေမှော်အတွင်းသို့ ၀င်ကြေးအဖြစ် တစ်ဦးလျှင် ဆက်ကြေးငွေ ၅၀၀၀ ကျပ်နှုန်း ကောက်ခံသွားကြောင်းကိုလည်း ၎င်းမှ ဆက်လက် ပြောပြခဲ့ပါသည်။
ယခုကဲ့သို့ KIA အဖွဲ့၏ ရွှေလုပ်သားများပါမကျန် ဆက်ကြေးငွေ ကောက်ခံခြင်းများပြုလုပ်နေသည့်အပြင် မပေးနိုင်လျှင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွှေလုပ်သားများအနေဖြင့် ၎င်းတို့ အသက်ကိုစတေးပြီးရှာဖွေထားသော ငွေများအား KIA အဖွဲ့သို့ မပေးလိုသဖြင့် လုပ်ငန်းများကိုစွန့်ကာ မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်သွားသောကြောင့် ရွှေမှော်များတွင် အလုပ်သမားရှားပါမှု ပြဿနာများမကြာမဏဖြစ်ပေါ်လျက် ရှိကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် တစ်ဦးထံမှသိရသည်။
နော်ဂျာ(ဖားကန့်)














No comments:
Post a Comment