Wednesday, July 8, 2015
7-7-2015 ၇က်နေ့ည အချိန် DKBA ဘက်မှပစ်ခတ်သောလက်နက်ကြီး ကော့ကရိတ်မြို့ထဲထပ်မံကျရောက်
၇ ရက်နေ့ညဘက် ၇း၄၅ အချိန်တွင် DKBA ဘက်မှပစ်ခတ်သော လက်နက်ကြီး
ကျည်သည် ကော့ကရိတ်မြို့အတွင်းရှိ တံတားဦးစာသင်ကျောင်းအနီးသို့
ထပ်မံကျရောက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့တိတိကျကျသိရ
ခြင်းမရှိသေးပါဘူး။ DKBA ဟာ ၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်ကလည်း
ကော့ကရိတ်မြို့ ချောင်းသောင်ရပ်ကွက်ရှိ ချောင်းသောင် အထက စာသင်
ကျောင်းပေါ်သို့လည်း လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့ပါသေးတယ်။ ညဘက်
အချိန်မှာ တံတာဦးစာသင်ကျောင်းသို့ပစ်ခတ်ခဲ့သောကြောင့် ရည်ရွယ်ချက်
ရှိရှိဖြင့် DKBA ဟာ စာသင်ကျောင်းများပေါ်သို့လက်နက်ကြီးများဖြင့်ပစ်
ခတ်နေခြင်းလားဆိုတာကိုစဉ်းစားစရာဖြစ်လာပါတယ်။ ကော့ကရိတ်မြို့
ဟာ ကရင်လူမျိုးအများအပြားနေထိုင်ရာမြို့တစ်မြို့ဖြစ်ပါတယ်။ မိမိလူမျိုး
များနေထိုင်တဲ့မြို့အတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းသည်
DKBA ၏ ကရင်လူမျိုးများအပေါ်မည်သို့သဘောထားသည်ကိုသိရှိနိုင်
ပါတယ်။ ထို့အပြင် ဒေသခံရွာသားလူငယ်များကိုလည်းလက်နက်များ
ပေး၍ စစ်တိုက်ခိုင်းခြင်းသည် DKBA ၏ကရင်လူမျိုးနဲ့ဒေသခံများ
အပေါ် လက်နက်အားကိုးဖြင့်ဖိနှိပ်လိုသည့်ဆန္ဒများပေါ်လွင်နေပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)














No comments:
Post a Comment