ယနေ့ ဇူလိုင် ၇ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကိုအကျည်းတန်စေခဲ့တဲ့နေ့တစ်
နေ့ဆိုရင်မမှားပါဘူး။ တက္ကသိုလ်များက ကျောင်းဆောင်စည်းကမ်းများကို မကျေနပ်၍
ကျောင်းသားများ ဆန္ဒပြမည်ဟု ဇူလိုင်လ ၅ ရက်နေ့ ၁၉၆၂ ခုနှစ် တွင်သတင်းရရှိခဲ့ပါတယ်။
ကျောင်းဆောင်စည်းကမ်းတွေဖျက်သိမ်းပေးရေး၊ အဆောင်သစ်များဆောက်လုပ်ပေးရေး
စသည်တို့အတွက် ဆန္ဒပြခြင်းဖြစ်ခဲ့သလို အဓိကမှာတော့ ကျောင်းဆောင်စည်းကမ်းများကို
ရုပ်သိမ်းပေးရေးဆန္ဒပြခဲ့ကြတာပါ။ ထိုကဲ့သို့ဆန္ဒပြရန်အစည်းအဝေးပြုလုပ်ရာ ကျောင်းသား
နေ့ဆိုရင်မမှားပါဘူး။ တက္ကသိုလ်များက ကျောင်းဆောင်စည်းကမ်းများကို မကျေနပ်၍
ကျောင်းသားများ ဆန္ဒပြမည်ဟု ဇူလိုင်လ ၅ ရက်နေ့ ၁၉၆၂ ခုနှစ် တွင်သတင်းရရှိခဲ့ပါတယ်။
ကျောင်းဆောင်စည်းကမ်းတွေဖျက်သိမ်းပေးရေး၊ အဆောင်သစ်များဆောက်လုပ်ပေးရေး
စသည်တို့အတွက် ဆန္ဒပြခြင်းဖြစ်ခဲ့သလို အဓိကမှာတော့ ကျောင်းဆောင်စည်းကမ်းများကို
ရုပ်သိမ်းပေးရေးဆန္ဒပြခဲ့ကြတာပါ။ ထိုကဲ့သို့ဆန္ဒပြရန်အစည်းအဝေးပြုလုပ်ရာ ကျောင်းသား
ပေါင်း ၂၀၀၀ ခန့်တက်ရောက်ခဲ့တယ်လို့သိရပြီး အစည်းအဝေးအပြီးမှစ၍ စီတန်းလှည့်လည်
ဆန္ဒပြခြင်းစတင်ခဲ့ပါတော့တယ်။ ထိုကိစ္စကိုထိန်းသိမ်းရန်အတွက် ရဲအင်အား ၁၀၀ ခန့်ရောက်
ရှိလာပြီး ထိန်းသိမ်းခဲ့ကြပါတယ်။ သို့ရာတွင် ကျောင်းသားများမှ ခဲနဲ့ပစ်ပေါက်ခဲ့၍ ရဲများအနေ
ဖြင့် တက္ကသိုလ်ဝန်းအပြင်သို့ဆုတ်ခွာပေးခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းသားများအနေဖြင့်
ရဲများကိုခဲနှင့်ပစ်ပေါက်ခြင်းမှာ ရပ်တန့်ခြင်းမရှိခဲ့ပါဘူး။ ကျောင်းသားများ၏ဆန္ဒပြမှုမှာ ပိုမိုဆိုး
ရွားလာခဲ့ပြီး အကြမ်းဖက်ဆန္ဒပြသည့်အသွင်ဖြစ်လာသောကြောင့် ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး
(၇) လုံးခန့်ပစ်ဖောက်ခဲ့ရပါတယ်။ ကျောင်းသားများ၏ဆူပူမှုမှာ ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူး။ ရဲ
များကိုခဲများဖြင့်အဆက်မပြတ်ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲများမှာ မျက်နှာခြေထောက်နှင့် ခါးတို့
ကိုထိ၍ ဒဏ်ရာများရရှိခဲ့ပါတယ်။ ရဲကားများကိုလည်းခဲနှင့်ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့များ
ဖြင့် ကျောင်းသားများကိုထိန်းသိမ်း၍မနိုင်သောအခါ ရဲတပ်ဖွဲ့များကိုရုပ်သိမ်းစေပြီး တပ်မတော်
သားများနှင့်လဲလှယ် အစောင့်ချလိုက်ပါတော့တယ်။ ဒီအခါမှာတော့ ဆူပူအကျန်းဖက်ကျောင်း
သားများ နောက်သို့ ပေ ၂၀ ခန့်ပြန်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မရ ရတာကိုဖျက်
ဆီးဖို့ကြံနေတဲ့ ဆူပူကျောင်းသားများဟာ ပါမောက္ခချုပ်၏ကားနှင့် ကျောင်းပိုင် ကားနှစ်စီးကို
လမ်းပေါ်တွန်းတင်၍ မီးရှို့ခဲ့ကြပါတယ်။ ဆူပူသောင်းကျန်းမှုမှာ ပိုမိုဆိုးရွားလာ၍ ဗိုလ်မှူးကြီး
သန်းစိန်မှ ဆူပူမှုရပ်ဆိုင်းပေးပါရန်နှင့် မရပ်တန့်ပါက ပစ်ခတ်နှိမ်နင်းရမည်ဟုပြောကြားခဲ့ပါ
တယ်။ မရပ်တန့်သည့်အဆုံး ပြောထားသည့်အတိုင်း သေနတ်ပစ်ဖောက်လိုက်ရာ ဆူပူကျောင်း
သားလူစုမှာ အုပ်စုကွဲသွားခဲ့ပါတယ်။ ထိုဖြစ်စဉ်၏ နောက်ဆက်တွဲကတော့ ဆန္ဒပြမှုကိုခေါင်း
ဆောင်ခဲ့တဲ့ ခေါင်းဆောင်ဆိုသူတွေဟာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အအုံ
ပေါ်မှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာပါပဲ။ ဒီ့နောက်မှာတော့ အစိုးရပညာရေးတာဝန်ခံမှ ရန်ကုန်
တက္ကသိုလ်အား နောက်ထပ်မကြေငြာမချင်း ကျောင်းပိတ်လိုက်ပြီဟူသောသတင်းပင်။ ဇူလိုင်
၈ ရက်နေ့ မနက် ၅ နာရီခန့်မှာတော့ တကသ အဆောက်အအုံကြီး ဖြိုခွဲဖျက်စီးခံလိုက်ရပါ
တယ်။ ဒီနေရာမှာ ကျောင်းသားတွေ တချို့သောလူတွေပြောနေတဲ့စကားကြားရတာတော့
ထိုအဆောက်အဦကို ဦးနေ၀င်းကဖျက်စီးဖို့အမိန့်ပေးခဲ့တယ်ဆိုခြင်းပါ။ ဒေါက်တာမောင်မောင်
ရေးသားတဲ့ မြန်မာနိုင်ငံ၏ ၁၉၈၈ခုနှစ် အရေးအခင်း ထဲမှာတော့ထိုအဆောက်အဦ
ကိုဖျက်ဆီးဖို့ ဦးနေ၀င်းက အမိန့်မပေးခဲ့သလိုမည်သူ့ကဖျက်စီးဖို့အမိန့်ပေးခဲ့တယ်ဆိုတာကို
မသိရှိခဲ့ခြင်းပါ။
အထက်ပါဖော်ပြချက်ကတော့ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီခေတ်
ဇူလိုင်လ ၇ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားလူထုရဲ့ဆူပူဆန္ဒပြမှုတချို့ဖြစ်ပါတယ်။ ဒီဖြစ်
စဉ်မှာ ကျောင်းသားများ အရပ်သားများ ရဲ များ သေဆုံးခဲ့ရပါတယ်။ ဒီလိုသေဆုံးခဲ့ရတာလည်း
အကြမ်းဖက်ဆန္ဒပြဆူပူမှုရဲ့ ဆိုးကျိုးတွေပါ။ ဒီလိုအကြမ်းဖက်ဆန္ဒပြဆူပူခြင်းမျိုးကို ဘယ်သော
အခါမျှထပ်မံကြုံဆုံချင်ကြမှာလည်းမဟုတ်ပါဘူး။ အပစ်မဲ့အသက်တွေစတေးခဲ့ရလို့ပါ။ ဒါပေ
မယ့် ဒီလို သေကြေကွဲပြဲ ကျောင်းသားပေါင်းများစွာ ထောင်ထဲရောက်စေခဲ့သော ဆူပူအကျန်း
ဖက်ဆန္ဒပြခြင်းကို ထပ်မံပေါ်ပေါက်လာစေရန် လှုံ့ဆော်နေသူများရှိနေတာကိုကြားသိတွေ့မြင်
နေရပါတယ်။ ထိုကဲ့သို့သော ဆန္ဒပြဆူပူမှုမျိုးကိုသတင်းဆောင်းပါးများရေးသား၍ ကျောင်း
သားနဲ့ ပြည်သူလူထုကိုလမ်းပေါ်ရောက်အောင်ဆွဲထုတ်ကာ တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်
ဖန်တီးနေသူများရှိနေပါတယ်။ ဖန်တီးရှင်များကတော့ မီဒီယာ သမားများ၊ အာဏာရှုးနိုင်ငံရေး
သမားများ ပဲဖြစ်ပါတယ်။ ကျုပ်တို့နိုင်ငံဟာ ၈၈ လိုအရေးအခင်းမျိုး ၁၉၆၂ ဇူလိုင် ၇ ရက်လို
အကျည်းတန်မှုမျိုးတွေကိုသာထိန်းသိမ်းရင်း တိုင်းပြည်တိုးတက်ရေးကိုဆောင်ရွက်နိုင်ခဲ့ခြင်း
မရှိခဲ့ပါဘူး။ ဒါ့အပြင် တိုင်းပြည်ကိုစီးပွားပိတ်ဆို့ပေးပါလို့ အနောက်နိုင်ငံတွေကိုတောင်းပန်ရှာ
တဲ့ မြန်မာလူမျိုးကရှိနေတော့ ကျုပ်တို့နိုင်ငံမတိုးတက်တာမဆန်းပါဘူး။ ဒါကိုအစိုးရမကောင်း
လို့ မတိုးတက်တာလို့ပြောနေသူတွေကရှိပါတယ်။ ခြေထောက်ကိုကြိုးတုတ်ပြီးပြေးခိုင်းနေမှ
တော့ ဘယ်လိုခရီးပေါက်ပါ့မလဲ။ လှုံ့ဆော်မှုတွေရပ်တန့်ပြီး အာဏာမရူးစေချင်ကြ
တော့ပါဘူး။ တိုင်းပြည်အကျိုးလက်တွဲကာ အတူသယ်ပိုးလျင် ကျုပ်တို့မြန်မာဟာ
ကမ္ဘာမှာ မျက်နှာငယ်စရာမလိုပါဘူး။ တကိုယ်ကောင်းသမားစိတ်ဓါတ်တွေရပ်
တန့်ပြီး လူထုကိုညာနေတာကိုရပ်တန့်ပေးစေချင်ပါတယ်။















No comments:
Post a Comment