Links

clock

Tuesday, July 7, 2015

တပ်မတော်သည် ပြည်သူ့တပ်မတော် နိုင်ငံ့တပ်မတော်ဖြစ်သည်၊ သောင်းကျန်းသူမှန်သမျှကို ချေမှုန်းနိုင်စွမ်းရှိသည်





    ကိုးကန့်သောင်းကျန်းသူတွေဟာ တပ်မတော်နဲ့ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေကို
ရုတ်တရက်တိုက်စတင်တိုက်ခိုက်ခဲ့တာဟာ ဖေဖော်ဝါရီလကတည်းကပါ။ အပြစ်မဲ့တဲ့ လောက်
ကိုင်ဒေသက ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ထွက်ပြေးခဲ့ကြရသလို ထိုဒေသမှာအလုပ်လုပ်ကိုင်
နေတဲ့ အခြားဒေသမှ အလုပ်သမားများလည်း မိမိနယ်မြေဒေသကိုတောင်ပြန်ဖို့အခက်အခဲ
အတော်ရှိခဲ့ပါတယ်။ တပ်မတော်နဲ့ ကြက်ခြေနီ အခြားသောပရဟိတအသင်းများ ပြည်သူများ
မှ ထိုဒုက္ခရောက်နေသောပြည်သူများကို ငွေအားလူအားတို့ဖြင့်တပ်စွမ်းသမျှကူညီခဲ့ရပါတယ်။

ထိုတိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှုပမာဏလည်းကျဆင်းခဲ့ရပါတယ်။ ကိုးကန့်တို့စတင်
တိုက်ခိုက်ခဲ့တဲ့ကာလဟာ ယနေ့ဆိုလျှင် ငါးလ ပြည့်ဖို့ ရက်ပိုင်းမျှသာလိုပါတော့တယ်။ ဒီကာ
လအတွင်းမှာ တပ်မတော်ရဲ့တန်ပြန်ထိုးစစ်ကြောင့် ကိုးကန့်သောင်းကျန်းသူတွေဟာ ဖရိုဖရဲ
ဆုတ်ခွာပြေးရင်း အင်အားချိနဲ့လာခဲ့ပါတယ်။ ဦးဆောင်သူ ဖုန်ကျားရှင်ကိုယ်တိုင်ကတော့
ယိုးဒယားဘက်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါပြီ။ ဒီအခါမှာ ကိုးကန့်သောင်းကျန်းသူတွေ
ဟာ ဆက်လက်ရပ်တည်နိုင်ဖို့ အတွက် တဖက်သတ်အပစ်ရပ်ဆဲပါတယ်ဆိုတဲ့သတင်းထွက်
ပေါ်လာခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ရွေးကောက်ပွဲကာလနီးနေသောကြောင့်ဟု
အရှက်မဲ့စွာပြောကြားလာခဲ့ပါတယ်။ မူးယစ်ဆေးဝါးများရောင်းချခြင်း၊ တိုက်ပွဲဝင်မယ့်တပ်သား
တွေကိုစိတ်ကြွဆေးပြားများတိုက်ကြွေး၍ တိုက်ခိုက်စေခြင်း၊ အခြားသောတိုင်းရင်းသားလက်
နက်ကိုင်တပ်ဖွဲ့များထံမှ စစ်အင်အားအကူအညီတောင်းခံပြီး တပ်မတော်ကိုတိုက်ခိုက်ခဲ့တဲ့
ကိုးကန့်သောင်းကျန်းသူတွေဟာ ယနေ့အချိန်မှာတော့ တပ်မတော်ထံမှာ လက်နက်ချရမယ့်
အခြေအနေသို့ဆိုက်ရောက်နေပါတယ်။ ကိုးကန့်နဲ့အတူတပ်မတော်ကိုတိုက်ခိုက်နေတဲ့ နောက်
ထပ်သောင်းကျန်းသူအဖွဲ့တစ်ခုကတော့ တအာင်း အဖွဲ့( TNLA) ဖြစ်ပါတယ်။ လက်ရှိအစိုးရ
ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်လက်
မှတ်ရေးထိုးဖို့အတွက် ပဏာမသဘောတူစာချုပ်လက်မှတ်ရရှိပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုး
ရအနေနဲ့ (NCA) မှာ ကိုးကန့်၊ TNLA၊ AA စတဲ့အဖွဲ့တွေကိုပါဝင်ခွင့်ပြုမထားပါဘူး၊ ဘာကြောင့်
လဲဆိုတော့ တိုင်းရင်းသားပြည်သူအများဒုက္ခရောက်စေမယ့် စစ်မီးကို စတင်ရှို့ခဲ့တဲ့အဖွဲ့တွေ
ဖြစ်တဲ့အတွက်ပါ။ ယခုအခြေအနေတွင် တအာင်း (TNLA) က ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်
ကျော်က တပ်မတော်ထံမှာ လက်နက်ချရလုနီးနီးအခြေအနေရောက်ကာမှ ငြိမ်းချမ်းရေးဆွေး
နွေးပွဲကိုလက်ခံကြိုဆိုပါတယ်၊ လက်မှတ်ထိုးမယ်ဆိုရင်လည်းအသင့်ပါပဲ ဆိုလာခြင်းက
သေနတ်ကိုင်တဲ့ အဖွဲ့အစည်းက ပြောတဲ့စကားနဲ့မတူပဲ အရူးတစ်ယောက်စကားသဖွယ် အရှက်
ဂုဏ်သိက္ခာမဲ့စွာပြောဆိုနေခြင်းနဲ့တူနေပါတယ်။ တအာင်းသောင်းကျန်းသူများအနေဖြင့် အမှန်
တကယ်ငြိမ်းချမ်းရေးလိုချင်ပါက တပ်မတော်ထံမှာ လက်နက်ချ၍ လက်နက်နဲ့ငြိမ်းချမ်းရေးလဲ
ယူဖို့သာရှိပါတယ်။
    ယခုအချိန်တွင် ကချင်ပြည်နယ်တွင် KIA သောင်းကျန်းသူအဖွဲ့၊ ကရင်ပြည်နယ်တွင်
DKBA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၊ ရခိုင်ပြည်နယ်တွင် AA ရခိုင်သောင်းကျန်းသူအဖွဲ့
တို့နှင့် တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ UWSA အဖွဲ့နှင့်လည်း
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်လျက်ရှိနေပေမယ့် တပ်မတော်၏ တိုက်စွမ်းအားသည် လျော့ကျသွား
ခြင်းမရှိပါဘူး။ ယခုလ ၂ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ DKBA စောဆန်းအောင် ကျော်သက်
တို့အဖွဲ့ကိုလည်း တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ကျော်သက်မှာ ယိုးဒယားဘက်သို့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။ ထိုတိုက်ပွဲငယ်များတွင်
DKBA ဘက်မှ ကျဆုံးမှုများပြားကာ အချို့ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရ
DKBA တပ်သားများကိုလည်း ဆေးရုံသို့ပို့ဆောင်ကာ ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ကျဆုံး
သူများကိုလည်း ကရင်တို့၏ ဓလေ့ထုံးစံအတိုင်းသင်္ဂြိုလ် ပေးခဲ့ပါတယ်။ ကျော်သက် စောဆန်း
အောင်တို့ရဲ့ လောဘ တွေကြောင့်အပြစ်မဲ့တဲ့ DKBA တပ်သားများကျဆုံးသွားခြင်းမှာ ၀မ်းနည်း
စရာပင်ဖြစ်ပါတယ်။

No comments:

Post a Comment