Links

clock

Friday, July 17, 2015

တရားမ၀င် လက်နက်ခဲယမ်းများ ကိုင်ဆောင်သူများ သက်ဆိုင်ရာသို့ လာရောက်အပ်နှံ





မန္တလေး ၊ ၁၆-၇-၂၀၁၅

မန္တလေးမြို့တွင် ပြည်ထဲရေး ၀န်ကြီးဌာန က တရားမ၀င် လက်နက်ခဲယမ်း များ ကိုင်ဆောင် ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံး လာရောက် အပ်နှံကြရန် နှင့် ထိုသို့ မအပ်နှံဘဲ လက်ဝယ် တွေ့ရှိပါက ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီး အဆိုပါ နေ့မှစတင်ကာ ယမန်နေ့ အထိ လာရောက်အပ်နှံ သည့် လက်နက်များတွင် သေနတ် ၁၆ လက် ၊ ခဲယမ်းကျပ် ၄၂၈ တောင့် ၊ အပိုပစ္စည်း ကျည်ခွံ အပါအ၀င် ဆက်စပ်ပစ္စည်းများ ၅၃ ခုတို့ကို အပ်နှံခဲ့ကြောင်း သိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန က ထုတ်ပြန်လိုက်သည့် သတင်းကြောင့် မန္တလေးမြို့ ပေါ်တွင် လာရောက် အပ်နှံကြရာ အောင်မြေသာစံ မြို့နယ် မှ အပ်နှံသူ အများဆုံး ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

#PyiChitThar
တရားမ၀င် လက်နက်ခဲယမ်းများ ကိုင်ဆောင်သူများ သက်ဆိုင်ရာသို့ လာရောက်အပ်နှံ

No comments:

Post a Comment