မိုင်းစထိမှန် ဒဏ်ရာရရှိလူနာကို တနိုင်းတပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက ထောက်ပံ့ငွေပေးအပ်စဉ်
နေပြည်တော် ၊ ၁၇-၇-၂၀၁၅
ကချင်ပြည်နယ် တနိုင်းမြို့ မုန်ဒိန် ရပ်ကွက်နေ ဦးခါပန်း ၄၃ နှစ်(ဘ) ဦးတားယုံ သည် ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီတွင် အောင်ဘမှော် သို့ သွားရောက်ရာ KIA လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးကို တိုက်မိ ပေါက်ကွဲခဲ့ပြီး ဦးခါပန်း ၏ ဘယ်ဘက် လက်မောင်း၊ ဘယ်လက်ပြင်၊ ဘယ်ခြေသလုံး၊ ညာပေါင်နှင့် ခြေသလုံး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
ထို့အတူ သန်းမင်းနိုင် ၂၃ နှစ်(ဘ) ဦးလှစိန်သန်း နှင့် နေလင်းအောင် ၃၁နှစ် (ဘ) ဦးကျော် တို့ နှစ်ဦးသည် ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် အောင်ဘမှော် သို့ သွားရောက်စဉ် KIA လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးကို တိုက်မိပေါက်ကွဲ ခဲ့ပြီး နှစ်ဦး စလုံးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာ များကို တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိပြီး တနိုင်း တပ်နယ်မှ တပ်မတော် အရာရှိကြီးများက သွားရောက် ကြည့်ရှု အားပေးကာ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။
#PyiChitThar













No comments:
Post a Comment