Links

clock

Friday, July 3, 2015

တပ်မတော်နှင့် DKBA တို့တိုက်ပွဲဖြစ်ရခြင်းအကြောင်းအရင်းများ

စောလားဘွယ်( ဗိုလ်နှုတ်ခမ်းမွှေး)
စောဆန်းအောင်
 


DKBA တပ်ဖွဲ့ဟာ ၁၉၉၄ခုနှစ်မှာ KNU မှခွဲထွက်ခဲ့ပြီး DKBA ဆိုသောအမည်ကိုအသုံးပြုဖွဲ့စည်းခဲ့
ပါတယ်။ ထို့နောက်၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ နယ်ခြားစောင့်တပ်အနေဖြင့်တာဝန်
ထမ်းဆောင်ရန်ညှိနှိုင်းမှုကို DKBA မှအချို့သောခေါင်းဆောင်မှာ သဘောတူခြင်းမရှိ၍ DKBA
တပ်ဖွဲ့အတွင်းမှာပင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ စောလား

ဘွယ် ဦးဆောင်သောအဖွဲ့မှာ DKBA ပင်မှအဖွဲ့မှခွဲထွက်ခဲ့ပါတယ်။ ကျန် DKBA တပ်ဖွဲ့ကတော့
နယ်ခြားစောင့်တပ်အဖြစ်နိုင်ငံတာဝန်ထမ်းဆောင်ဖို့ကိုသဘောတူလက်ခံထားတဲ့အတွက် နယ်
ခြားစောင့်တပ်အသွင်ဖြင့်ပင် BGF အဖြစ်ဆက်လက်တည်ရှိနေပါတယ်။ ခွဲထွက်အဖွဲ့မှာတော့
DKBA အမည်ဖြင့်ပင် ဆက်လက်ရပ်တည်ပြီး ပြည်သူများအပေါ်ဆတ်ကြေးကောက်ခြင်း၊ လမ်း
တံတားများတွင် ငွေကြေးကောက်ခံခြင်းများပြုလုပ်လျက်ရှိနေခဲ့ပါတယ်။ ထို့အပြင် မူးယစ်ဆေး
ဝါးများ၊ စိတ်ကြွဆေးပြားများကိုထုတ်လုပ်ရောင်းချ၍ကိုယ်ကျိုးစီးပွားများရှာခဲ့ကြပါတယ်။ထိုင်း
အစိုးရကပင် ၂၀၁၂ ခုနှစ်တွင် စောလားဘွယ်ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြင်းထန်စွာအ
လိုရှိနေကြောင်းနှင့် ၎င်းကိုဖမ်းစီးမိပါက ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်)

ကိုပင် ပေးရန်ကြေငြာခဲ့ပါတယ်။  စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ

အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့

စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့ပြီး ၎င်းကိစ္စတွင် စောလား
ဘွယ်၌တာဝန်ရှိသည်ဟုထိုင်းအစိုးရကသတ်မှတ်ကာဆုငွေထုတ်ထားခြင်းဖြစ်ပါတယ်။  ထိုသို့
စောလားဘွယ်မှ မူးယစ်ဆေးဝါးများထုတ်လုပ်ရောင်းချ၍ကိုယ်ကျိုးရှာနေခဲ့သော်လည်း လက်
အောက်ခံအဖွဲ့ဝင်များမှာ စားရေးသောက်ရေးခက်ခဲခြင်းအပြင် အခြားသောပြဿနာများနှင့်
ရင်ဆိုင်ကြုံတွေနေရသဖြင့် DKBA စောလာဘွယ်အဖွဲ့မှ  ဗိုလ်မှူးကြီး နိုင်လွင်၊ ချင်းလုံ၊

ဗိုလ်မှူးကြီး စောလားဒါးနှင့် တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူ နယ်မြေအတွင်း လှုပ်ရှားနေသော

DKBA ဗဟိုလုံခြုံရေး တပ်ရင်း ၉၀၆ မှ ဗိုလ်မှူး မန်းသိန်း ဦးစီး (၁၅)ဦး လက်နက်မျိုးစုံ (၁၄)

လက်နှင့်အတူ ဘုရားသုံးဆူ အစိုးရ တပ်စခန်းသို့ ၂၀၁၀ ခုနှစ် ဒီဇင်လာလ (၁)ရက်နေ့တွင်
ရောက်ရှိလာပြီး မြ၀တီအနီးရှိနယ်ခြားစောင့်တပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့်အတူ
အင်အား (၄၀)ကျော်ရောက်ရှိသွားခဲ့ပါတယ်။ စောလားဘွယ်(ဗိုလ်နှုတ်ခမ်းမွှေး) အဖွဲ့ကို KNU
အဖွဲ့မှထောက်ပံ့မှုများပြုလုပ်ပေးနေသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုမရှိပဲ သံသယစိတ်
တို့ဖြင့်သာစောင့်ကြည့်နေကြပါတယ်။
    DKBA အဖွဲ့ဟာ မူးယစ်ဆေးဝါးမျိုးစုံကိုဖြန့်ဖြူးလျက်ရှိပြီး တဖက်တွင်လည်းပြည်သူ
များအပေါ်ဆတ်ကြေးများကောက်ခံခြင်း မတရားနိုင်ထက်စီးနင်းပြုလုပ်ခြင်းကိုလည်း ပြုလုပ်
လျက်ရှိနေသူတွေပါ။ မြ၀တီနယ်စပ်ဂိတ်တွင်ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသယ်ဆောင်လာ
သည့် လူများမှာ DKBA နှင့်ပတ်သက်သောသူများသာဖြစ်နေသည်ကိုတွေ့ရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့နံနက်ကတပ်မတော်နှင့်ဖြစ်ခဲ့တဲ့တိုက်ပွဲတွင်လည်း DKBA အဖွဲ့မှ လက်နက်ကိုင်၍
အာရှလမ်းမသစ်ကြီးတွင် တရားမ၀င်လမ်းကြေးများကောက်ခံနေခြင်း၊ နယ်မြေခံပြည်သူလူ
ထုအပေါ်လက်နက်အားကိုး၍ နိုင်ထက်စီးနင်းပြုမူနေခြင်း၊ ဆတ်ကြေးများကောက်ခံနေခြင်း
များကြောင့် ဒေသခံပြည်သူလူထုများမှ တပ်မတော်အားအကူအညီတောင်းခံခဲ့ကြတာပါ။ ဒါ
ကိုတပ်မတော်မှ ခလရ(၂၃၀)၊ (၂၃၁) စတဲ့တပ်ရင်းတွေမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေ
စဉ် ထိတွေ့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုလုံခြုံရေးအတွက်နယ်မြေရှင်းလင်းရေး
ဆောင်ရွက်နေသောတပ်မတော်ကို DKBA တပ်ဖွဲ့မှစတင်ပစ်ခတ်မှုကြောင့်ယခုလိုတိုက်ပွဲဖြစ်
ပွားခဲ့တာလို့လည်းသိရပါတယ်။

No comments:

Post a Comment