Links

clock

Friday, July 3, 2015

ဒီချုပ် ရပ်ကျေးဥက္ကဋ္ဌတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကရင်ပြည်နယ် ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ဇူလိုင် ၁ ရက် ညတွင် သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ကော့သင်းရှူးကျေးရွာ၏ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဋ္ဌ ဦးစောဂျော်နီသည် ဇူလိုင် ၁ ရက် ည ၁၁ နာရီတွင် ၎င်းနေထိုင် ရာ နေအိမ်၌ သေနတ်ဖြင့် ပစ် ခတ်ခံရ၍ သေဆုံးသွားသည်ဟု ကရင်ပြည်နယ် ဘားအံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ပြော သည်။

‘‘သူ့အိမ်မှာပဲ သေနတ်နဲ့ အ ပစ်ခံရတာပါ။ ဘယ်သူတွေက ပစ်ခတ်ခဲ့တာလဲဆိုတာတော့ မ သိသေးပါဘူး။ ကျွန်တော်တို့ အမှု ဖွင့်သွားမယ်’’ဟု ဦးစောသန်းထွဋ် က ဆိုသည်။ သူ့အလုပ်နဲ့ပတ်သက်လို့ပြဿနာရှာတယ်လို့ သိရတယ်’’ဟု ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။
‘‘သူ့အိမ်မှာပဲ သေနတ်နဲ့ အ ပစ်ခံရတာပါ။ ဘယ်သူတွေက ပစ်ခတ်ခဲ့တာလဲဆိုတာတော့ မ သိသေးပါဘူး။ ကျွန်တော်တို့ အမှု ဖွင့်သွားမယ်’’ဟု ဦးစောသန်းထွဋ် က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်က လည်း ယင်းကိစ္စရပ်အပေါ် အမှု မှန် အမြန်ဆုံး ပေါ်ပေါက်ရေးအ တွက် တရားဥပဒေလမ်းကြောင်း မှ ဆောင်ရွက်သွားမည်ဟု ပြော သည်။ အဆိုပါ ကိစ္စရပ်နှင့်ပတ် သက်၍ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
7Day Daily

No comments:

Post a Comment