DKBA အဖွဲ့မှဒဏ်ရာရသူတစ်ဦးအားတွဲခေါ်လာနေမှုအားတွေ့ရစဉ်
တပ်မတော်နှင့် DKBA တို့ထိတွေ့တိုက်ပွဲသည်အာရှလမ်းမကြီး နားမကြား ဂိတ်အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ နားမကြား
ဂိတ် ရွာသစ်ကုန်းကျေးရွာအနီး တောင်ခြေတွင် တိုက်ပွဲဖြစ်ပွားချက်ရှိပါတယ်။
ထိုသို့တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုနည်းပါးပြီး
DKBA ဘက်မှ ကျဆုံး(၁၀)ဦး၊ ဒဏ်ရာရ (၃၀) ဦးရှိကြောင်းသိရှိရပါတယ်။
ယခုအအခြေအနေတွင် DKBA မှာ အစိုးရနှင့်ပဏာမအပစ်အခတ်ရပ်ဆဲရေးသဘောတူလက်
မှတ်ရေးထိုးထားပြီး အစိုးရနှင့်ဆွေးနွေးနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သို့ရာတွင်
ယခုဖြစ်ပွားနေသော DKBA အဖွဲ့မှာ ယခင်ဗိုလ်မှူး( ယခုမှ မိမိကိုယ်မိမိဗိုလ်မှူးကြီးဟုခံယူထား
သူ) စောဆန်းအောင် ခေါင်းဆောင်သောအဖွဲ့ဖြစ်ပါတယ်။ ၎င်းအဖွဲ့သည် ယခုအချိန်တွင် ပြေး
စရာနေရာမဲ့နေပြီး ယခင် ၎င်းတို့ခွဲထွက်ခဲ့သော ပင်မအဖွဲ့အစည်းဖြစ်တဲ့ KNU မှလည်းထောက်
ခံအားပေးမှုမရှိပဲ KNU တို့၏နယ်မြေအတွင်းဝင်ရောက်လာမှုမရှိစေရန် အသင့်အနေအထားဖြင့်
စောင့်ကြည့်နေပြီး DKBA ဗိုလ်မှူးချုပ်စောလားဘွယ်(ဗိုလ်နှုတ်ခမ်းမွှေး) အဖွဲ့မှလည်းပြန်လည်
လက်ခံခြင်းမရှိပဲ မိမိတို့၏နယ်မြေအတွင်းဝင်ရောက်လာပါက တားဆီးနှိမ်နင်းနိုင်ရေးအသင့်
ရှိနေကြောင်းသိရှိရပါတယ်။














No comments:
Post a Comment