Links

clock

Friday, July 3, 2015

ရွေးကောက်ပွဲကြောင့် စတော့အိတ်ချိန်း ဖွင့်လှစ်မည့်အချိန်ရွှေ့ဆိုင်း





စတော့အိတ်ချိန်းဖွင့်လှစ်မည့် ယခင်မြ၀တီဘဏ် အဆောက်အအုံကို ပြင်ဆင်နေစဉ်
အောက်တိုဘာတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသော စတော့အိတ်ချိန်းကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာမှသာ စတင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး က ပြောသည်။

စတော့အိတ်ချိန်းအတွက် လိုအပ်သည့် အခြေခံအဆောက် အအုံ၊ နည်းပညာပိုင်းဆိုင်ရာများ သြဂုတ်အတွင်း ပြီးဆုံးမည်ဖြစ် သော်လည်း ရွေးကောက်ပွဲကာလ အလုပ်များမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲပြီးမှသာ စတင်နိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးဒေါက် တာ မောင်မောင်သိမ်းက ပြော သည်။
‘‘ပထမက အောက်တိုဘာ မှန်းထားတယ်။ ရွေးကောက်ပွဲမှာ အလုပ်ရှုပ်မှာမို့ နိုဝင်ဘာတတိယ အပတ်လောက်ကို ရွှေ့လိုက်တာ။အခုအဆောက်အအုံပြင်ဆင်တာ လည်း ဒီလထဲမှာ အဆုံးသတ် တော့မယ်’’ဟု ၎င်းက ဆိုသည်။
ယခုဇူလိုင်အတွင်းလုံခြုံရေးကုမ္ပဏီများအတွက် လိုင်စင်ထုတ်ပြန်ခြင်း၊ စတော့အိတ်ချိန်းကို အီလက်ထရွန်နစ်ဖြင့် လွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေထုတ်ခြင်းနှင့်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများအတွက် သတ်မှတ်ချက်များ
ထုတ်ပြန်မည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
စတော့အိတ်ချိန်းအတွက် ကုမ္ပဏီ ၂၀ ကျော်လျှောက်ထားပြီး၎င်းတို့အနက် နှစ်ခုအပယ်ခံရကာ ကုမ္ပဏီ ၁၈ ခု ရွေးချယ်ရန်ရှိ ကြောင်း ၎င်းက ဆိုသည်။

 မြန်မာစတော့အိတ်ချိန်း အတွက် နည်းပညာနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံ ဒိုင်ဝါငွေကြေးအဖွဲ့ အစည်းက မြန်မာအစိုးရအား ကူညီခြင်းဖြစ်သည်။ အာရှတွင် မြောက်ကိုရီးယား၊ ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့တွင်သာ စတော့ အိတ်ချိန်းဈေးကွက် ယနေ့အထိ အကောင်အထည်မဖော်နိုင်သေး ကြောင်း သိရသည်။
စတော့အိတ်ချိန်းစတင်ပါ က ပြည်တွင်းကုမ္ပဏီများ ရာနှုန်း ပြည့်ရင်းနှီးမြှုပ်နှံခွင့်ရမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ရ မည်ဖြစ်သည်။ လက်ရှိလုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြားကုမ္ပဏီများတွင် အာရှမှ နိုင်ငံသည် အများဆုံးဖြစ်ပြီး အနောက်နိုင်ငံမှ ကုမ္ပဏီနည်းပါး၍ ကုမ္ပဏီအများစုသည် အသစ်ဖွဲ့စည်းထား သော ကုမ္ပဏီများဖြစ်သည်။

No comments:

Post a Comment