Tuesday, July 7, 2015
DKBA ဘက်မှပစ်ခတ်သောလက်နက်ကြီး ကော့ကရိတ်မြို့က ကျောင်းဆောင်ပေါ်ကျ
ယနေ့နံနက် ၇ နာရီခွဲခန့်က DKBA ဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်မှာ
ကော့ကရိတ်မြို ချောင်းသောာင်ရပ်ကွက်ရှိ အထက စာသင်ကျောင်းပေါ်သို့ကျရောက်ခဲ့ကြောင်း
သိရှိရပါတယ်။ လက်နက်ကြီးကျည်မှာ ကျောင်းဝန်းအတွင်းမှ မူလတန်းဆောင်ပေါ်ကျခဲ့ပြီး
ကျောင်းဆောင်အမိုးမှာ တစ်ပေပတ်လည်လောက် ပွင့်ထွက်ခဲ့ပြီး မျက်နှာကျက်မှာတော့
ပို၍ပျက်စီးသွားခဲ့ပါတယ်။ ထိုကဲ့သို့ပစ်ခတ်နေခြင်းကြောင့် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့တွင်
လည်း နေ့ဝက်ကျောင်းပိတ်ထားခဲ့ရကြောင်းသိရပါတယ်။ ဒါကြောင့် လက်နက်ကြီးကျည်ကျ
ရောက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါဘူး။ DKBA မှနောက်ထပ်ပစ်သည့် လက်နက်ကြီး
ကျည်မှာ နေအိမ်အနီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပေမယ့် မိသားစုဝင်များမှာတော့ ထိခိုက်
မှုမရှိပါဘူး။ DKBA သောင်းကျန်းသူများဟာ ယခင်နေ့များမှာကတည်းက အာရှလမ်းမကြီးပေါ်
မှ ဆုတ်ခွာထွက်ပြေးလာခဲ့ရပြီး မြ၀တီ- ကော့ကရိတ်မြို့များပေါ်သို့ လက်နက်ကြီးများဖြင့်ပစ်
ခတ်မည်ဟူသော သတင်းများလည်းရရှိထားပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
















No comments:
Post a Comment