နေပြည်တော် ၊ ၂၀-၇-၂၀၁၅
ကော့ကရိတ် မြို့နယ်၊ ကောင်းမူကျေးရွာ ၏ အရှေ့ဘက်နှင့် အရှေ့မြောက် ဘက်ရှိ တောင်ကုန်း များတွင် KKO လက်နက်ကိုင် အဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ ကြွင်းကျန်များ ခိုအောင်း နေထိုင်မှု မရှိစေရေး အတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်ထိ ၄င်းအဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်းတို့ထံမှ လက်နက်မျိုးစုံ ၄ လက်၊ ဗုံးသီးမျိုးစုံ ၂၆ လုံး၊ မိုင်းမျိုးစုံ ၃၂ လုံး၊ ကျည်မျိုးစုံ ၃၈၈၆ တောင့်၊ ကျည်အိမ် မျိုးစုံ ၈၁ ခု၊ ဆန် ၄၄ အိတ်၊ ခဲယမ်း နှင့် ဆက်စပ် ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့အား သိမ်းဆည်း ရမိသည်။
ထို့အပြင် ကျိုက်မရော မြို့နယ်၊ ကျွန်းရွာ အနောက် ရပ်ကွက်ရှိ နေအိမ် တစ်ခုတွင် ကျော်သက်၊ စောဆန်းအောင် အဖွဲ့နှင့် အဆက်အသွယ် ပြုလုပ်၍ လက်နက်၊ ခဲယမ်း များ ထိန်းသိမ်း ထားကြောင်း သိရှိရ သဖြင့် ဇူလိုင် ၁၅ ရက်တွင် သွားရောက် စစ်ဆေးရှာဖွေရာ အဆိုပါ နေအိမ်မှ လက်နက်မျိုးစုံ ၄ လက်၊ ကျည်မျိုးစုံ ၃၂ တောင့်၊ လမ်းလျှောက် စကားပြောစက် တစ်လုံးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး တို့အား ထပ်မံ သိမ်းဆည်း ရမိသည်။
ထို့အတူ ဇူလိုင် ၁၈ ရက်တွင် တပ်မတော် နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ကောင်းမူကျေးရွာ ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက် ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းစဉ် ဗုံးသီးမျိုးစုံ ၆၆ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် တစ်ခု၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား ငါးချပ်နှင့် အကျယ် ၁၅ ပေပတ်လည်၊ အမြင့် ၁၈ ပေရှိ အဆောက်အအုံ အတွင်းမှ သေနတ်မျိုးစုံ ၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၃ ခု၊ မိုင်းမျိုးစုံ ၁၈ လုံး၊ အာပီဂျီ ဗုံးသီး ၂ လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈ဝ တောင့်နှင့် ဆန် ၇ဝ အိတ်တို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။
ကော့ကရိတ်မြို့နယ် အတွင်း နယ်မြေ လုံခြုံရေး အတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF)တို့က နယ်မြေ ရှင်းလင်းခြင်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
by: မြ၀တီ
#PyiChitThar














No comments:
Post a Comment