Links

clock

Monday, July 20, 2015

စားသုံးရန်မသင့်သော စားသောက်ကုန်များ တာချီလိတ်မြို့တွင်ဖျက်ဆီး

   
တာချီလိတ် ဇူလိုင် ၁၉


စားသုံးရန်မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသောခန့်မှန်းတန်ဖိုးကျပ် ၁၁ ဒသမ ၉၈၃ သန်း တန်ဖိုးရှိ စားသောက်ကုန်များကို တာချီလိတ်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးအတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Mobile Team ဖမ်းဆီးမှု (၁၁)ကြိမ်မှ အများပြည်သူစားသုံးရန် မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ဘီယာများ၊ FDA ထောက်ခံချက် မပါရှိသော အချိုရည်များ၊DRC ခွင့်ပြုချက်မပါရှိ သော ဆေးဝါးများ၊ လူသုံးကုန်နှင့် စားသုံးရန်မသင့်သော စားသောက် ကုန်ပစ္စည်းများကို ဇူလိုင် ၁၇ ရက်က တာချီလိတ်မြို့နယ်၌ ဖျက်ဆီးခဲ့သည်။ ယင်းသို့ ဖျက်ဆီးရာတွင် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၁၁ ဒသမ ၉၈၃ ရှိ စားသုံးရန်မသင့်၍ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော Leo ဘီယာများ၊ Spy Wine ၊ Crown ၉၉ အရက်များ၊Korean Soju အရက်များ၊ Pine နှင့် Wilson စီးကရက်များ၊ စားသောက်ကုန် ပစ္စည်းများ၊ FDA ထောက်ခံချက် မပါရှိသော Lactasoy ပဲနို့နှင့် Winza အားဖြည့်အချိုရည်များ၊ DRC ခွင့်ပြုချက်မပါရှိသောBashi Quick Slimming Capsule ဆေးဝါးများနှင့် Dextrose အိမ်သုံးဆေးများဖြစ်သည်။
ထို့အပြင် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ခွင့်ပြုချက်မရရှိသော Sodium Solt ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေး စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများ ပါဝင်သည်။ ယင်း ပစ္စည်းများအား တာချီလိတ်မြို့ အကောက်ခွန်ဦးစီးဌာနမှူး ရုံးအတွင်း မြို့နယ်အကောက်ခွန်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင် နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာ ရှိ ဦးမောင်မောင် ဦးဆောင်သော အဖွဲ့စုံဖြင့် စားသုံးရန်နှင့် သုံးစွဲရန် မသင့်သော ပစ္စည်းများကို ဖျက်ဆီးခဲ့ ကြကြောင်း သိရသည်။
by: NPE
မော်ကြီး(တြိဂံနယ်မြေ)

No comments:

Post a Comment