Links

clock

Monday, July 20, 2015

PSY ယဉ်တိုက်မှုဖြစ်ပွား

PSY ယဉ်တိုက်မှုဖြစ်ပွား
========================================


Ref :: DailyMail
အိုပါဂန်းနားစတိုင်သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ တောင်ကိုရီးယားပေါ့ပ်အဆိုတော် PSY တစ်ယောက် တရုတ်နိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ PSY ရဲ့ Roll Royce ကားဟာ ဘတ်စ် ကားတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့
သိရပါတယ်။

တရုတ်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ယာဉ်တိုက်မှုဟာ
ပြီးခဲ့တဲ့ကြာသပတေးနေ့ က နေ့လယ်အချိန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

PSY ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ကနေ အနားယူမယ့်
ဟိုတယ်ကိုအသွားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PSY ကားရဲ့ခေါင်းပိုင်း
ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာ
ရရှိမှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
သတင်းတွေအရ စားသောက်ဆိုင်တစ်ခုက နေ့လယ်ပါတီတစ်ခုကို တက်ရောက်ဖို့အ တွက် တရုတ်နိုင်ငံကို ရောက်ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
By ကမာရွတ်

No comments:

Post a Comment