ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၃/၂၀၁၅)
၁၃၇၇
ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်
၂၀၁၅
ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်
၁။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၂)ကို
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊
ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈
ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့်
တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့်
တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကိုလည်းကောင်း ကျင့်သုံးဆောင်ရွက်ရန်
ထုတ်ပြန်ပြီးဖြစ်သည်။
၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည်
ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။
၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍
စစ်နယ်မြေမှူးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး
အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်
လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး
သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အောက်ပါကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်
ရမည်-
(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
( ခ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈
ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း
ပြစ်မှုဆိုင်ရာမှုခင်းများကို
တည်ဆဲဥပဒေ အရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး
ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည်
ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါ
ပြစ်မှုတစ်ခုခုကို ကျူးလွန်သူအား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်
အညီ အောက်ပါပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
(
ခခ ) နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊
(
ဂဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော
အမြင့်ဆုံး ပြစ်ဒဏ်။
(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့်
စီရင်ချက် များသည် အပြီးအပြတ် ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ် မရှိသော
ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ အတည် ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို
ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(
ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
(
ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့
လျော့ပေါ့ ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊
ပြစ်ဒဏ်ချမှတ် ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက
သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ် ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ် ခြင်းခံရသည့်နေ့မှ
(၁၅)ရက်အတွင်း ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈
ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)
ထံသို့လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ်
ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး
ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် မိမိသဘောအလျောက်လည်း
ပြင်ဆင်မှု ဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်
ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(
ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
(
ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့
လျော့ပေါ့ ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၇) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင်အမှတ်၊
ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)က မိမိ သဘောအလျောက် ပြင်ဆင်မှုဖွင့်၍
ဆောင်ရွက်သည့်ကိစ္စတွင်
အထက်အပိုဒ်ငယ်(၆)တွင် ပါရှိသော လုပ်ပိုင်ခွင့် များအပြင် ပြစ်ဒဏ်ကို
တိုးမြှင့်နိုင်သည်။
၅။ ပြန်တမ်းဝင်အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲ မှုစစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင်
အထောက်အကူ ဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
၆။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊
ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ
အရပ်ရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ အစီရင်ခံရမည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နောက်ဆက်တွဲဇယား(က)
စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ
၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၁၂၂)၊
၂။ အစိုးရကို
အကြည်ညိုပျက်အောင်ပြုလုပ်မှု(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄-က)၊
၃။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊
၎။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၅။ လူသတ်မှု၊
၆။ လူသေမှု၊
၇။ မုဒိမ်းမှု၊
၈။ လုယက်မှု၊
၉။ ဓားပြမှု၊
၁၀။ အဂတိလိုက်စားမှု၊
၁၁။ ၁၉၉၃ ခုနှစ်၊
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၂။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ
ပြစ်မှုများ၊
၁၃။ ၁၉၆၃ ခုနှစ်၊
အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊
၁၄။ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေအရ ပြစ်မှုများ၊
၁၅။ သတင်းမီဒီယာဥပဒေအရ
ပြစ်မှုများ၊
၁၆။ ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊
၁၇။ ၁၉၄၇ ခုနှစ်
မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ အရ ပြစ်မှုများ။
MOI
No comments:
Post a Comment