Samsung Galaxy Note 5 မိတ်ဆက်
ရန်ကုန်မြို့ Novotal ဟိုတယ်တွင် သြဂုတ်လ (၁၇)ရက်နေ့က Samsung Galaxy Note 5 မိတ်ဆက်ပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
Samsung Galaxy Note 5 သည် သုံးစွဲသူများအတွက် ပိုမိုလျင်မြန်စွာ အလုပ်တွင်ကျယ် စေပြီး၊ စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး လုပ်ဆောင်နိုင်ကြောင်း၊ ဒီဇိုင်းအသစ်ဖြစ်ကာ ပါးလွှာခြင်း၊ ကင်မရာ ရိုက်ကူးရာတွင် ကြည်လင် ပြတ်သားခြင်း၊ လုပ်ဆောင်ချက် တစ်ခုချင်းစီကို Pen ဖြင့် အလွယ်တကူ ကူးယူနိုင်ခြင်း၊ ဖုန်းမှတစ်ဆင့် Print ထုတ်နိုင်ခြင်း၊ ဖုန်းအားသွင်းမှု မြန်ဆန်ခြင်း၊ အခြားဖန်ရှင်များကိုလည်း အသုံးပြုရတာ လွယ်ကူခြင်း စသည့် အချက်များပါဝင်ပြီး ကိုယ်ထည်ကို သတ္တုဖြင့် ပြုလုပ်ထားကြောင်း သိရသည်။
Samsung Galaxy Note 5 ကို ၀ယ်ယူလိုသည့် သူများအနေဖြင့် Show room များတွင် ဈေးနှုန်း (၈၈၀၀၀၀) ကျပ် ပရိုမိုးရှင်း အနေဖြင့် သြဂုတ်လ (၂၃)ရက်နေ့တွင် လှည်းတန်းစင်တာတွင် (၈၅၀၀၀၀) ကျပ်ဖြင့် ရောင်းချပေးမည် ဖြစ်ကာ အခြား လက်ဆောင်များလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment