+++++++++++++++++++++++++++++++++++

ဘာလင် ၊ သြဂုတ် ၁၈ ။ ။ အသက် ၆၅ နှစ် အရွယ် ရှိ ဂျာမန် အမျိုး သမီးကြီး တစ်ဦးသည် လွန်ခဲ့သော သုံးလက လေးမြွှာ ပူး မွေးဖွား ခဲ့သည်။
ထို လေးမြွှာပူးကို လမစေ့မီမွေးဖွားခဲ့ခြင်းလည်း ဖြစ်သည် ဟုလည်း ဆိုသည် ယင်းသို့ ဆိုရာတွင် လည်း မွေးဖွားခါနီးရက် အနည်းအငယ်အလိုတွင် လမစေ့ခြင်းမဟုတ် ဘဲ ရက်အတော်ကွာ၍ လမစေ့ဘဲ မွေးသည်ဟု သတင်းများက ဆိုသည်။
ယခုအခါတွင် ထို လေးမြွှာပူးကလေးများ နှင့် မိခင်တို့သည် ကျန်းမာရေးကောင်း
မွန်လျက်ရှိနေရာ ရက်အနည်းငယ်တွင်းဆေးရုံမှ ဆင်းရမည် ဟု သြဂုတ် ၁၇ ရက်က
သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြ သည်။
ယင်းမိခင် နှင့် ကလေးများကို RTL ဂျာမန်ရုပ်မြင်သံကြားက ရိုက်ကူးထုတ် လွှင့်ပြသသည်ဟု သတင်းများကဖော်ပြခဲ့သည်။
ယင်းကဲ့သို့ လေးမြွှာပူး မွေးဖွားခဲ့ခြင်း နှင့် ပတ်သက်၍ ဂျာမနီတွင် အငြင်းပွားနေကြသည်။ သူမသည် ယခင်ကလည်း ကလေး (၁၃) ဦးကို မွေးဖွားခဲ့ဖူးသူလည်း ဖြစ်သည်။ သူမသည် ယူကရိန်းသို့သွားပြီး အမည် မဖော်လိုသော သူ၏ သုတ်ပိုး နှင့် မမျိုးဥလှူဒါန်းသူ များ နှင့် ကိုယ်ဝန်ရရှိရေး ဆေးဝါးကုသမှု ခံယူပြီးနောက် ယခုကဲ့သို့ လေးမြွာ ပူးကို မွေးဖွားနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လေးမြွှာပူး ကလေးများသည် ယောက်ျားလေး သုံးယောက် နှင့် မိန်းကလေး တစ်ယောက် တို့ဖြစ်ကြသည်။ ယင်းတို့ကို မွေးဖွား ချိန်တွင် ကိုယ်အလေးချိန် ၆၅၅ ဂရမ် နှင့် ၉၆၀ ဂရမ်အတွင်းရှိသည် ဟု သိရသည်။ မွေးဖွား ခဲ့ချိန် တွင် နှစ်ယောက် အား အသက်ရှု ကိရိယာတပ်ဆင်ပေးခဲ့ရပြီး ကျန် နှစ်ယောက် မှာ မူ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ သို့သော် ယခု အခါတွင် ကလေးများ သည် ဘေးကင်းစွာဖြင့် ကျန်းမာလျက်ရှိနေကြပြီး မွေးဖွားစဉ်က ကိုယ်အလေးချိန်ထက် သုံးဆခန့်ပင် ပို့နေပြီဟု RTL ရုပ်သံ က ဖော်ပြသည်။
လေးမြွာပူးကလေးများ၏ မိခင်သည် မြေး ၇ နှစ်ယောက်၏ အဘွား လည်း ဖြစ် သည်။ အသက် ကိုးနှစ်ရှိ အငယ်ဆုံး သမီးက မောင်လေး (သို့) ညီမလေး လိုချင်သည် ဟု ဆိုသောကြောင့် နောက်ထပ်ကလေး တစ်ယောက် ထပ်မံမွေးဦးမည် ဟုလည်း ယင်းက ပြောကြားနေသေးသည်။
REF :: AFP , Photo DailyMail
#Democracytoday

No comments:
Post a Comment