Links

clock

Tuesday, August 18, 2015

“ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်း “


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်သည်။

အဆိုပါ အမည်စာရင်းတင်သွင်းမှုကို ကန့်ကွက်လိုသူများရှိပါက ယခုလ ၂၀ ရက် မတိုင်မီ လွှတ်တော်ရုံးသို့ အကြောင်းကြားရမည် ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က နိုင်ငံတော်သမ္မတအမိန့်ဖြင့် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ နေရာတွင် အစားထိုးခန့်အပ်ရန် အဆိုပါဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးကို အမည်စာရင်းတင်သွင်းခြင်း ဖြစ်သည်။

No comments:

Post a Comment