![]() |
| S. Korea Detects 'Unusual Submarine Activity' as Meeting Stretches On |
ဆိုးလ် ၊ ၂၄-၈-၂၀၁၅
တောင်- မြောက် ကိုရီးယား နှစ်နိုင်ငံအရေး တင်းမာနေစဉ် မြောက်ကိုရီးယား နိုင်ငံမှ ရေငုပ်သင်္ဘော အစင်း ၅ဝ ကျော်သည် ၄င်းတို့၏ စစ်အခြေစိုက် စခန်းများမှ ထွက်ခွာ သွားကြောင်း၊ တည်နေရာကို ရှာဖွေ၍ မရကြောင်းနှင့် အဆိုပါ အရေအတွက် သည် မြောက်ကိုရီးယား နိုင်ငံ ၏ ရေငုပ်သင်္ဘော စုစုပေါင်းမှ ၇ဝ ရာခိုင်နှုန်း ရှိကြောင်း တောင်ကိုရီးယားစစ်ဘက် တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြား ထားသည်။
နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ လုပ်ဆောင် နေစဉ် မြောက်ကိုရီးယား နိုင်ငံဘက်မှ စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင် လာဖွယ် ရှိကြောင်းနှင့် ယခု အခြေအနေသည် အလွန် စိုးရိမ်ဖွယ် ကောင်းသော အခြေအနေ ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
သို့သော် တောင်ကိုရီးယား နိုင်ငံသည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသော မြောက်ကိုရီးယား နိုင်ငံ၏ တိုက်ခိုက်မှု များအတွက် အမေရိကန် နိုင်ငံ၏ အကူအညီဖြင့် စစ်ရေး အသင့်ပြင်ဆင် ထားကြောင်း အဆိုပါ စစ်ဘက် အရာရှိက ယွန်ဟပ် သတင်းဌာနသို့ ပြောကြားသည်။
တောင်- မြောက် ကိုရီးယား နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီး များသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေး အတွက် နယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ သြဂုတ် ၂၂ ရက်မှစ၍ ဆွေးနွေးပွဲများ ကျင်းပလျက် ရှိကြောင်း သိရသည်။
pyichittar















No comments:
Post a Comment