![]() |
Russian PAK DA next generation stealth strategic bomber designs |
![]() |
Russia’s new Yu-71 hypersonic missile is said to have maximum speed of about 7,000 mph |
မော်စကို ၊ ၂၄-၈-၂၀၁၅
ရုရှားနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း ကြီးမားသော စစ်ဘက်ဆိုင်ရာ အဆင့် မြှင့်တင်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် နောက်ဆုံးပေါ် လက်နက် ခုနစ်မျိုးကို မိတ်ဆက်ပြသ သွားရန် မျှော်လင့် ထားကြောင်း ကာကွယ်ရေး ဆိုင်ရာ လေ့လာ ဆန်းစစ်သူ ဒေးဗစ်နိုင်း က ပြောကြား ခဲ့သည်။
နျူကလီးယား ထိပ်ဖူးများ သယ်ဆောင် နိုင်သည့်အပြင် ဒုံးကျည် ကာကွယ်ရေး စနစ်များအား ထိုးဖောက် ဝင်ရောက်နိုင်သော Yu-71 ဟု အမည် ပေးထားသည့် မြန်နှုန်းမြင့် တိုက်ခိုက်ရေး လေယာဉ် တစ်စင်းကို စမ်းသပ်ခဲ့မှုနှင့် ပတ်သက်၍ ရုရှား နိုင်ငံက ဇွန်လ အတွင်း၌ ထုတ်ပြန် ကြေညာ ခဲ့သည်။
အဆိုပါ တိုက်လေယာဉ် သည် တစ်နာရီလျှင် မိုင် ၇ဝဝဝ နှုန်းနှင့် ပစ်မှတ်များ ဆီသို့ မမျှော်မှန်း နိုင်သော ပုံစံများဖြင့် ပျံသန်း နိုင်ကြောင်းနှင့် လေကြောင်းရန် ကာကွယ်ရေး စနစ် များကိုလည်း ထိုးဖောက် ဝင်ရောက် နိုင်ကြောင်း သိရသည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ပဉ္စမ မျိုးဆက် တာဝေး ဗုံးကြဲလေယာဉ် PAK DA သည် ရုရှားစစ်ဘက်မှ ဝယ်ယူရန် ကမ်းလှမ်း ထားသည့် အလွန် ကြောက်မက်ဖွယ် ကောင်းသော အကြီးစား စစ်လက်နက် ပစ္စည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ PAK DA လေယာဉ်သည် အသံထက် မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်မည် ဖြစ်သည့် အပြင် လေယာဉ်တင် သင်္ဘောများနှင့် အခြား ပစ်မှတ်များကို တိုက်ခိုက် နိုင်မည့် အကွာအဝေး သို့ ရုစ်ဒုံးကျည်များ ပစ်ချရန် အတွက် လုံလောက်သည့် ကိုယ်ပျောက် စွမ်းရည် ရှိကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment