Links

clock

Thursday, August 27, 2015

ရင်သားဖော်ပြမှု လွတ်လပ်ခွင့်အတွက် ကမ္ဘာ့မြို့ကြီး ၆၀ တွင် အမျိုးသမီးများ အပေါ်ပိုင်းဗလာနှင့် ဆန္ဒပြ

ရင်သားဖော်ပြမှု လွတ်လပ်ခွင့်အတွက် ကမ္ဘာ့မြို့ကြီး ၆၀ တွင် အမျိုးသမီးများ အပေါ်ပိုင်းဗလာနှင့် ဆန္ဒပြ
----------------------------------------------------------------------------------

အမျိုးသမီးများ၏ ရင်သားဖော်ပြမှုနှင့် ပတ်သတ်ပြီး ကန့်သတ်ချုပ်ချယ် နေမှုများကို ဆန့်ကျင်သည့် Free The Nipple လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တနင်္ဂနွေနေ့က ကမ္ဘာ့မြို့ကြီး ၆၀ တွင် ယင်းလှုပ်ရှားမှုကို ထောက်ခံသည့် အမျိုးသမီးများက အပေါ်ပိုင်း အဝတ်ဗလာနှင့် လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်ဟု Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။


အမျိုးသမီးများ အပေါ်ပိုင်းဗလာနှင့် နေထိုင်ခြင်းကို ၁၉၉၂ ခုနှစ်ကတည်းက နယူးယောက်မြို့တွင် တရားဝင် ခွင့်ပြုထားသော်လည်း လက်ရှိ နယူးယောက် မြို့တော်ဝန် ဘေလ်ဒီဘလက်စီယိုနှင့် ရဲမင်းကြီး ဘီလ်ဘရတ်တန်တို့က ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်မပါဘဲ မှုတ်ဆေးများသာ ခြယ်ထားသည့် အမျိုးသမီးများကို Time Square ရင်ပြင်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ရန် ကြိုးစားရာမှ ယခုကဲ့သို့ နယူးယောက်နှင့် အခြားကမ္ဘာ့မြို့ကြီးများတွင် အမျိုးသမီးများက အပေါ်ပိုင်း အဝတ်ဗလာနှင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ယခုလှုပ်ရှားမှု၏ အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများလည်း အမျိုးသားများကဲ့သို့ လူမြင်ကွင်းတွင် အပေါ်ပိုင်း အဝတ်ဗလာနှင့် လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရရန် ဖြစ်ကြောင်း အမျိုးသမီးများ ဆန္ဒရှိပါက အပေါ်ပိုင်းဗလာနှင့် နေထိုင်ခွင့်ရရေး လှုပ်ရှားလျက်ရှိသည့် နယူးယောက်မြို့ အခြေစိုက် Go Topless အဖွဲ့ကို ဦးဆောင်နေသည့် သရုပ်ဆောင်နှင့် မော်ဒယ် ရေချယ်ဂျက်စီက ပြောကြားသည်။
“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ပိုင်းဗလာနဲ့ နေတဲ့ကိစ္စမှာ ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူအခွင့်အရေးရရန် ဖိအားပေးသွားဖို့ပါ” ဟု ရေချယ်ဂျက်စီက ပြောကြားသည်။
အပေါ်ပိုင်းဗလာနှင့် ဆန္ဒပြအမျိုးသမီးများ နယူးယောက်မြို့တစ်လျှောက် ချီတက်နိုင်စေရန်အတွက် ရဲများက လမ်းအချို့ကို ယာဉ်အသွားအလာ ပိတ်ပေးခဲ့သည်။
နယူးယောက်မြို့ Time Square ရင်ပြင်တွင် အခြားသော ထူးထူးဆန်းဆန်း ဝတ်စုံများ ဝတ်ဆင်သူများကဲ့သို့ပင် အချို့သော အမျိုးသမီးများက ခန္ဓာကိုယ်အပေါ်ပိုင်းကို အဝတ်အစားမဝတ်ဘဲ မှုတ်ဆေးများဖြင့် ခြယ်သကာ ကမ္ဘာလှည့် ခရီးသွားများ၏ အာရုံစိုက်မှုကို ရရှိအောင် ကြိုးစားခဲ့သော်လည်း ထိုလုပ်ရပ်မှာ အများသူငါကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် လုပ်ရပ်ဟု ဒီဘက်စီယိုနှင့် ဘရတ်တန်တို့က ယူဆခဲ့ကြသည်။
နယူးယောက်တွင်သာမက ဝါရှင်တန်ဒီစီတွင်လည်း အမျိုးသမီးတစ်ဦးက အိမ်ဖြူတော်ရှေ့တွင် အပေါ်ပိုင်းဗလာနှင့် လေဘာတီ ရုပ်ထုဟန်ဖြင့် ရပ်ကာ ဆန္ဒပြနေသည်ကိုလည်း တွေ့ရသည်။
ထို့အတူ စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်ျမြို့တွင် အမျိုးသမီးအများစုနှင့် အမျိုးသားအချို့ ပါဝင်သော လူ ၅၀ ခန့်သည် မြို့၏ အဓိက လမ်းမကြီးတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြသည်။
၉၅ နှစ်မြောက် အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် သြဂုတ်လ ၂၃ ရက်နေ့ကို Go Topless နေ့အဖြစ် သတ်မှတ်ကာ ယင်းလှုပ်ရှားမှုကို ထောက်ခံသည့် အမျိုးသမီးများနှင့် အမျိုးသားများက ယခုကဲ့သို့ ဆန္ဒပြ ချီတက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
-------------------------------------------------------------------------------
The Voice Weekly

No comments:

Post a Comment