သမ္မတ ဦးသိန်းစိန်နဲ့ KNU ၊ RCSS/SSA နဲ့ DKBA ခေါင်းဆောင်တွေ သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: Nyo Ohn Myin Facebook
"အဓိကကတော့ NCA လက်မှတ်ရေးထိုးရေးပါ၊ ပါဝင်နိုင်သလောက်ကို ပါဝင်နိုင်ဖို့ ညှိနှိုင်းမယ့်အချက်တစ်ခုအနေ နဲ့ ဆွေးနွေးမယ်လို့ ကျနော်တို့သိထားတယ်၊ တကယ်လို့ အားလုံးမပါဝင်နိုင်ခဲ့ရင် မပါဝင်နိုင်သေးတဲ့အဖွဲ့တွေ အပေါ်မှာ အာမခံချက် တစ်စုံတရာပေးနိုင်ဖို့လည်း နိုင်ငံတော်သမ္မတနဲ့ တွေ့တဲ့အခါမှာ သူတို့အနေနဲ့ ပြောဖို့ ရှိတယ်လို့ပြောပါတယ်"
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း လာမယ့် စက်တင်ဘာလအတွင်းမှာပဲ စီစဉ်နိုင်ဖို့အတွက် အစိုးရက ကြိုးစားနေတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပွဲကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင်၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က နော်စီဖိုးရာစိန်၊ ပူးဇင်ကျုံးနဲ့ ဒေါက်တာလဂျာ စုစုပေါင်း ခေါင်းဆောင် ၈ဦး တက်ရောက်မှာဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၀ ဖွဲ့ ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။
RFA
No comments:
Post a Comment