အရည်အသွေးမပြည့်မီ သော စက်သုံးဆီများ ရောင်းချ ခြင်း၊
အခြင်အတွယ်မပြည့်မီခြင်း များတွေ့ရှိခဲ့သည့် မကွေးတိုင်းရှိ
စက်သုံးဆီအရောင်းဆိုင် ငါးဆိုင် တစ်လ ပိတ်သိမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီ ရောင်းချနေသော ဆိုင်များနှင့် ပတ်သက်၍
သတ်မှတ်ထားသော အရည်အသွေးစံချိန်မီခြင်းရှိ၊ မရှိ ရေနံထွက်ပစ္စည်းများ၊
တင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ
ကြီးကြပ်ရေးကော်မတီ (နေပြည် တော်)ကမှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ
ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရှိ စက်သုံး ဆီအရောင်းဆိုင် ငါးဆိုင်သည်
သတ်မှတ် စံချိန်စံနှုန်းများနှင့် မကိုက်ညီ၍ တစ်လတိတိ
စက်သုံးဆီရောင်းချမှုပိတ်သိမ်းခဲ့ကြောင်း ယင်းကော်မတီ၏ ညွှန်ကြားရေး မှူး
ဦးမြင့်ဇော်က ပြောသည်။
‘‘ကျွန်တော်တို့မှာ mobile fuel lab ကားပါတယ်။ ကားပေါ် မှာ
ဓာတ်ခွဲခန်းပါတယ်။ ဆီဆိုင် တွေကို ရှောင်တခင် ဝင်စစ်ဆေး ပြီး
ကားပေါ်မှာတစ်ခါတည်း ဓာတ်ခွဲကြည့်တယ်။ အရည်အသွေး မပြည့်မီဘူးဆိုတာသိရရင်လည်း
သေချာအောင် သန်လျင်ရေနံ ချက်စက်ရုံမှာ ထပ်ပြီးဓာတ်ခွဲစစ် ဆေးတယ်။
သေချာပြီဆိုမှ သတ် မှတ် စံချိန်စံညွှန်းကို မမီဘူး။ အရည်အသွေး
မပြည့်မီတဲ့စက် သုံးဆီကို ရောင်းချတဲ့အတွက် အရေးယူဆောင်ရွက်ပါတယ်’’ဟု
ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။
မကွေးတိုင်းရှိ စက်သုံးဆီ ဆိုင်များကို ပြီးခဲ့သည့် ဧပြီလ က
စစ်ဆေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သတ်မှတ်အရည်အသွေးနှင့်
မပြည့်မီသည့်စက်သုံးဆီအရောင်းဆိုင်ငါးဆိုင် ကို ဩဂုတ် ၁ ရက်မှစတင်ကာ
အရေးယူခဲ့ခြင်းဖြစ်သည်။
‘‘အရည်အသွေးပြည့်မီတာ၊ မပြည့်မီတာကိုတော့ ကျွန်တော် တို့မသိနိုင်ဘူး။
အခြင်အတွယ်က တော်တော်တော့ လျော့တယ်။ ကျွန်တော်တို့က ဆီဆိုင်ကြီးတွေ
ကနေဝယ်ပြီး မြို့ထဲမှာရေသန့်ဘူး နဲ့ ပြန်ရောင်းရတာ၊ ၁၀ ဂါလန် ဝယ်ပြီး
စိတ်ရှည်လက်ရှည်ပြန်ခြင် ကြည့်တာ ရေသန့်ဘူးငါးဘူးစာ လျော့နေတယ်’’ဟု
မကွေးမြို့ပေါ် တွင် ရေသန့်ဘူးဖြင့် ဓာတ်ဆီ ရောင်းချသူတစ်ဦးက ပြောသည်။
အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ အရည်အသွေးမပြည့် မီခြင်း၊
အခြင်အတွယ်မပြည့်မီ ခြင်းများကို ပထမတစ်ကြိမ်တွေ့ ရှိပါက အရောင်းဆိုင်
တစ်လပိတ်ခြင်း၊ ဒုတိယအကြိမ်တွေ့ရှိပါက သုံးလပိတ်ခြင်း၊
တတိယအကြိမ်တွေ့ရှိပါက ခြောက်လပိတ်ခြင်းနှင့် လေးကြိမ်မြောက်တွေ့ရှိပါက
အပြီးတိုင်ရောင်းချမှုပိတ်သိမ်းခံရမည်ဖြစ်သည်။
7 Day
No comments:
Post a Comment