အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို တွေ့ရစဉ်
ထောက်ခံသူများတဲ့အတွက် အဆိုအတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ကြေညာ လိုက်ပါတယ်။
"အတည်ပြုရန် သဘောတူ၊ မတူ လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူပါမည်၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၊ နည်းဥပဒေ တ၊ နည်းဥပဒေ ၁အရ စက်ခလုတ်အသုံးပြုပြီး လျှို့ဝှက်စွာဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ယခုလွှတ်တော်ရဲ့ဆန္ဒရယူပါမယ်၊ ဆန္ဒမဲပေးကြဖို့ အသင့်ရှိ စေချင်ပါတယ်၊ ဆန္ဒမဲပေးနိုင်ကြပါတယ်၊ ထောက်ခံ ၁၂၈၊ ကန့်ကွက် ၃၄၊ ကြားနေ ၁၄ မဲဖြစ်ပါတယ်၊ ထောက်ခံမဲများတဲ့အတွက် အရေးကြီးအဆိုကို အတည်ပြုကြောင်း ကြေညာပါတယ်"
အမျိုးသားလွှတ်တော်ကို ဒီနေ့ စတင်ရပ်နားမှာဖြစ်ပြီး ပြန်လည်ကျင်းပမယ့် ရက်ကိုတော့ ကြေညာခြင်းမရှိ ပါဘူး။ ပြည်သူ့လွှတ်တော်ရပ်နားဖို့ အဆိုကိုတော့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မနေ့က ပယ်ချထားပြီး၊ ဆက်လက်ကျင်းပသွား မှာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုလည်း ရပ်နားခြင်းမရှိဘူးလို့ သိရပါတယ်။
မနေ့က စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အခုကျင်းပတဲ့ လွှတ်တော်အစည်း အဝေးတွေကို ရပ်ဆိုင်းပေး ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြ တာပါ။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့လက်ရှိပူးတွဲဥက္ကဌ ဦးဌေးဦး ကတော့ လွှတ်တော်အစည်းအဝေးတွေ ကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေရဲ့တင်ပြ ချက်ဟာ မိမိတို့ပါတီနဲ့မသက် ဆိုင်ကြောင်း မနေ့က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးမှာ သတင်းထောက်တွေကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။
RFA













No comments:
Post a Comment