Links

clock

Wednesday, August 19, 2015

ကော်ဖူကျွန်း ၌ အကျဉ်းသားများ တူးဖော်နေသော ဥမင်လိုဏ်ခေါင်း ကို ခွေး၏ ကူညီမှုကြောင့် တွေ့ရှိ




Hero dog foils mass jail break after hearing inmates dig 30-metre underground tunnel

အေသင် ၊ ၁၉-၈-၂၀၁၅

ဂရိနိုင်ငံရှိ ကော်ဖူကျွန်း၌ အကျဉ်းသား များက ထောင်ဖောက် ပြေးရာတွင် အသုံးပြုရန် ဥမင်လိုဏ်ခေါင်း တစ်ခု တူးဖော်နေခြင်း ကို ခွေးတစ်ကောင်၏ အကူအညီ ကြောင့် ရဲတပ်ဖွဲ့က ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွေးသည် သခင်နှင့် အတူ လမ်းလျှောက် နေစဉ် ဥမင်လိုဏ်ခေါင်း တူးနေသော အသံကို ကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အသံကို စူးစိုက်စွာ နားထောင် နေခဲ့ရာမှ သခင်ဖြစ်သူက ရဲတပ်ဖွဲ့အား အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် ကော်ဖူ အကျဉ်းထောင် အဆောင်''ဘီ'' မှ မီတာပေါင်း များစွာ ရှည်သော ဥမင်လိုဏ်ခေါင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး အကျဉ်းသား များသည် ၄င်း ဥမင် လိုဏ်ခေါင်းကို ထောင် ဖောက်ပြေး ရာတွင် အသုံးပြုရန် တူးဖော် နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဥမင် လိုဏ်ခေါင်းအတွင်း၌ ဘက်ထရီနှင့် အသုံးပြု ရသော ပန်ကာများနှင့် အစားအစာ ထည့်သော ပလတ်စတစ်ဘူး များကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့ကြောင်း နှင့် ၄င်း အကျဉ်းထောင်၌ အကျဉ်းသား ၂ဝ ဦးကို ထိန်းသိမ်း ထားကြောင်း Guardian သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

#PyiChitThar

No comments:

Post a Comment