Links

clock

Wednesday, August 19, 2015

ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်





နေပြည်တော် ၊ ၁၉-၈-၂၀၁၅

ရေဘေးသင့် ပြည်သူများ အတွက် ဝန်ကြီးဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက စားသောက်ကုန်များ၊ အဝတ်အထည်များ၊ အသုံးအဆောင် များနှင့် အခြား လိုအပ်သော ထောက်ပံ့ ပစ္စည်းများကို မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်။

ယမန်နေ့တွင် စေတနာရှင် အလှူရှင်များမှ ပေးပို့ လှူဒါန်းထားသော ဆန် အပါအဝင် စားသောက်ကုန် ပစ္စည်းများနှင့် ရေသန့်ဘူးများ စုစုပေါင်း ၅၇ တန်ခန့်အား တပ်မတော် မော်တော်ယာဉ် ကိုးစီးဖြင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်သို့ ပို့ဆောင်ရန် ထွက်ခွာသွားသည်။

ထို့အတူ ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများ အတွက် စစ်ရေယာဉ်ဖြင့် ပို့ဆောင်မည့် ဆန်အိတ် ၄၆၁ အိတ်၊ အဝတ်ထုပ် ၈၃၄ ထုပ်၊ ပစ္စည်းစုံထည့် စက္ကူဖာ ၁၅၁၈ ဖာ၊ မိုးကာထုပ် ၃၆ ထုပ်၊ ဘီစကွတ် ၁၉၁ ဖာ၊ ခေါက်ဆွဲခြောက် ၃ဝ၂ ဖာ၊ မျိုးစပါး ၅၂ အိတ်၊ Jiang Dong အင်ဂျင်မျိုးစုံ ၁၇၀ လုံး ၊ ထယ်သွား လင်ပန်း ၅၀၀ ၊ ဂီယာဆုံ ၁၀၀ ၊ ထယ်ပေါင် ၁၀၀ ၊ ထယ်ဖရိန် ၁၀၀ ၊ လက်တွန်း ထွန်စက်ဘီး ၉၀ စုံ ၊ အသုံးအဆောင် ပစ္စည်း များနှင့် စားသောက်ကုန် ပစ္စည်းများ အပါအ၀င် စုစုပေါင်း တန်ချိန် ၁၃၇ တန်ခွဲခန့်အား တပ်မတော် သားများက စစ်ရေယာဉ်ပေါ်သို့ တင်ဆောင် ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment