Links

clock

Thursday, August 20, 2015

ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်ဗုံးခွဲ သံသယရှိသူ၏ ပုံကြမ်းကို ထုတ်ပြန်



ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်ဗုံးခွဲ သံသယရှိသူ၏ ပုံကြမ်းကို ထုတ်ပြန်
++++++++++++++++++++++++++

ဘန်ကောက်၊ သြဂုတ် ၁၉။ ။
ထိုင်းရဲတပ်ဖွဲ့ဟာ တနလာင်္နေ့ဗုံးပေါက်ကွဲမှုမှာ အဓိကသံသယရှိသူကို အသေးစိတ်ဆွဲထားတဲ့ ပုံကြမ်းကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပုံမှာ အနက်ရောင် ပွယောင်းယောင်းဆံပင်နဲ့ မျက်မှန်တပ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဒီပုံဟာ ဗုံးပေါက်ကွဲခဲ့တဲ့ ဧရာဝဏ်ဘုရားကျောင်းထဲက လုံခြုံရေးကင်မရာမှာ ရိုက်ကူးနိုင်ခဲ့တဲ့ အင်္ကျီအဝါဝတ် ကျောပိုးအိတ်တစ်လုံးနဲ့ လူပုံကို အခြေခံပါတယ်။

ရဲတပ်ဖွဲ့ဟာ သူ့ကိုဖမ်းဆီးဖို့ သတင်းပေးနိုင်သူကို ဘတ် ၁ သန်း (ဒေါ်လာ ၂၈၀၈၀) ပေးမယ်လို့ ဆုကြေးထုတ်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုံးပေါက်ကွဲချိန်တဝိုက်မှာ လုံခြုံရေးကင်မရာထဲမှာ ပါနေတဲ့ အဓိကသံသယရှိသူကို အဖမ်းခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ စကားပြောခွင့်မရဘဲ အသတ်ခံရနိုင်တာကြောင့်လို့ ပြောပါတယ်။
ပရာယွတ်က “တကယ်လို့ သူ အန္တရာယ်ကင်းချင်တယ်ဆိုရင် လာ အဖမ်းခံသင့်ပါတယ်။ တာဝန်ရှိသူတွေက သူ ဘေးကင်းလုံခြုံစွာ နေနိုင်ဖို့နည်းကို ဥပဒေဘောင်ထဲကု ရှာဖွေပေးကြမှာပါ။ အဲဒါက ပုန်းအောင်းနေတာထက် ပိုကောင်းပါတယ်။ ပုန်းနေရင် သူ့ဘဝ စိတ်မချမ်းမြေ့စရာ ဖြစ်နေပါလိမ့်မယ် ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
လူ ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးကို ထောင်ဖို့ သူ့ကို ငှားရမ်းခဲ့တာဖြစ်ရမယ်လို့လည်း ပရာယွတ်က ပြောပါတယ်။
ထိုင်းရဲတွေဟာ အဓိကသံသယရှိသူကို ရှာဖွေနေချိန်မှာ အဓိကအားဖြင့် နိုင်ငံခြားသားတွေဖြစ်တဲ့ လူ ၂ ယောက် ၃ ယောက်ကို ခေါ်ယူမေးမြန်းခဲ့ကြောင်း ပြောပါတယ်။
အမည်မသိရတဲ့ သံသယရှိသူကို မကြာမီ ဖမ်းဝရမ်းထုတ်မယ်လို့ ရဲပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲမှုးကြီး ပရာဝတ် သာဗွန်သီရိ ကပြောပါတယ်။ သူ ထိုင်းမှာ ရှိနေဦးမယ်လို့ မျှော်လင့်ရတယ် လို့လည်း သူက ပြောပါတယ်။
မေးမြန်းဖို့ အလိုရှိနေတဲ့ အခြားသူတွေက ဘုရားကျောင်းရဲ့ စီစီတီဗီကင်မရာထဲမှာ တွေ့ရတဲ့ အခြားသူတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သံသယရှိသူဟာ တစ်ယောက်တည်းတော့ အလုပ်မလုပ်ဘူးလို့ သတင်းထောက်တွေကို သူက ပြောပါတယ်။ သူတို့က ကွန်ရက်ဖွဲ့ပြီးလုပ်ကြတယ်။ ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာ သိတယ်။ တစ်ယောက်တည်းနဲ့တော့ ဒီလိုမလုပ်နိုင်ဘူး လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံသားအချို့ ဒီလုပ်ငန်းထဲမှာ ပါဝင်ရမယ်လို့ သူက ဆက်ပြောပြီး ဗီဒီယိုထဲက လူဟာ နိုင်ငံခြားသားလို့ သူတို့ရာနှုန်းပြည့် မပြောနိုင်ကြောင်း၊ သူ ရုပ်ဖျက်ထားတာလည်း ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

စုပြည့်စုံ
Ref: AP, Aug 19th
ပုံ - AP

No comments:

Post a Comment