နေပြည်တော် ဩဂုတ်- ၁၉
တပ်မတော်အနေဖြင့် ယခင်က Leading Role တွင် နေရာယူခဲ့ကြောင်း၊
ယခု အခါ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ပါဝင်ထမ်းဆောင်နေခြင်းသာ ဖြစ် ကြောင်း၊
တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာခြင်းဖြစ်၍ ပြည်သူနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း၊
စစ်ဘက် အရပ်ဘက်ဆက်ဆံရေးတွင်လည်း ယခင်က အမိန့်ပေးသည့်စနစ်ဖြစ်ခဲ့သော်လည်း ယခုအရပ်ဘက်မှ
လုပ်ဆောင်နေ သည်များကို တပ်မတော်မှကူညီနေခြင်းသာဖြစ်ကြောင်း၊ သို့ဖြစ်၍ အရပ်ဘက်ဌာန
ဆိုင်ရာများနှင့် တပ်မတော်အကြား ရင်းနှီးသည့်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိရ မည်ဖြစ်ကြောင်း၊
မြို့မိမြို့ဖများနှင့်လည်း ထိတွေ့ဆက်သွယ်၍ မြို့၏ကောင်းရာ ကောင်းကြောင်း အကြံဥာဏ်ပေးမှု၊
ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိ ကြောင်း၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရလဒ်ကောင်းများစွာ ရရှိခဲ့ကြောင်း၊ စစ်ဘက်အရပ်ဘက်
ဆက်ဆံရေးပိုမို ကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ
ဧည့်ခန်းမဆောင်၌ ဗြိတိန်နိုင်ငံ သံအမတ်ကြီး
H.E. Mr. Andrew Silas Patrick အား
လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ
ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Antony
David Stem တို့ တက်ရောက်သည်။
တွေ့ဆုံစဉ် သံအမတ်ကြီးက ပြည်ပအဖွဲ့အစည်းများနှင့် တပ်မတော်များက
မြန်မာနိုင်ငံ၏ ရေဘေးနှင့် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာ့ တပ်မတော်၏
ကူညီခဲ့မှုများအပေါ် ချီးကျူးဂုဏ်ပြုကြသည်ကို သိရှိရပါကြောင်း။
မြန်မာ့ဒီမိုကရေစီအရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ လွန်စွာအရေးကြီးသည်
ကို မိမိတို့အနေဖြင့် သဘောတူညီပါကြောင်း၊ သို့သော်လည်း ပြည်ပတွင် ရှိနေသူ အချို့က ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းဆိုသည်မှာ
တပ်မတော်က လက်ရှိဒီမို ကရေစီဖြစ်စဉ်ဖြစ်ရပ်များမှ လုံးလုံးလျားလျားထွက်ခွာသွားရန်ဟု
ယူဆနေပါကြောင်း၊ ယင်းကို မိမိတို့အနေဖြင့် သဘောတူညီမှုမရှိပါကြောင်း၊ လက်ရှိတပ်မတော်၏
ခိုင်မာစွာ တည်ရှိနေမှုသည် ဆက်လက်ရှိနေရန် လိုအပ်ပါကြောင်း။
ရွေးကောက်ပွဲတွင် စစ်သည်များ မဲဆန္ဒပေးမှုနှင့်ပတ်သက်၍ တပ်မတော်နှင့်
ရွေးကောက်ပွဲကော်မရှင်တို့၏ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များ၊ ရွေးကောက် ပွဲတွင်
မည်သည့်ရလဒ်ဖြစ်စေ တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်အချက်များအပေါ် ဝမ်းမြောက်ရပါကြောင်း။
အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် မိမိတို့ယုံကြည်မှုရှိပါကြောင်း၊
အပစ်အခတ် ရပ်စဲရေးကိစ္စ အောင်မြင်မည်ဟု ယူဆပါကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ်
ကာကွယ်ရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ ဒုက္ခရောက်နေသူများကို ကူညီရန်အတွက်
NGO အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့များနှင့် သဘာဝဘေး အန္တရာယ်ကူညီဆောင်ရွက်ရန် သီးသန့်ဖွဲ့စည်းထားသည့်
အဖွဲ့အစည်းများရှိသော် လည်း ၎င်းတို့မှာ ပမာဏကြီးကြီးမားမား မရှိကြောင်း၊ ၎င်းတို့ထက်ပို၍
ခိုင်မာသည့် အဖွဲ့အစည်းမှာ တပ်မတော်သာ ဖြစ်၍ တပ်မတော်အနေဖြင့် တိုင်းပြည်ကိုကာကွယ်ရန်၊
ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရန် တာဝန်ရှိသဖြင့် သဘာဝဘေးဒဏ်ဖြစ်ပေါ် လျက်ရှိသည့် ဒေသများရှိ
နယ်မြေခံတပ်များက သွားရောက်ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်
ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ၊ မြန်မာ့နိုင်ငံရေးတွင်
တပ်မတော်၏ ခိုင်မာစွာရပ်တည်ဆောင်ရွက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်း စွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
MOI
No comments:
Post a Comment