Links

clock

Thursday, August 20, 2015

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့တွင် ကျေးရွာပေါင်း ၄၀ ကျော် ပြောင်းရွှေ့ရမည်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဩဂုတ် ၁၈-မိုးသည်းထန် စွာရွာသွန်းခဲ့မှုကြောင့် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်တို့တွင် ရွာပေါင်းလေး ဆယ် ကျော် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာအစိုးရအဖွဲ့များမှ စုံစမ်း သိရသည်။

ချင်းပြည်နယ်တစ်ခုလုံးတွင် ကျေးရွာပေါင်း ၃၀ နီးပါး ရွာလုံးကျွတ် ပြောင်းရွှေ့ ရမည်ဖြစ်ပြီး၊ ကလေးမြို့ နယ်တွင်း ကျေးရွာပေါင်း ၁၃ ရွာ ပြောင်းရွှေ့ ရမည်ဖြစ်သည်။ ကလေးမြို့ နယ်တွင် ပြောင်းရွှေ့ရန် အဆိုပြုထား သည့် ကျေးရွာများမှာ နန်းကျင်း ဆောင်၊ အနောက်ခုံသာ၊ ကံကြီး၊ နန်း စောင်းပု၊ မော်လိုက်ကလေး(တောင်)၊ မော်လိုက်ကလေး(မြောက်)၊ သဖန်း အိုင်၊ သာစီ(ကြက်ဖနက်)၊ ကျောက္ကာ၊ အေးယာသာ၊ နတ်နန်း၊ ကျီကုန်း၊ နတ် ကြီးကုန်းတို့ဖြစ်သည်ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ လူ မှုရေးဝန်ကြီး ဒေါက်တာ ဘမောင် က'' ဇူလိုင်လအတွင်းက မိုးသည်းထန် စွာ ရွာသွန်းခဲ့မှုကြောင့် ကျေး ရွာတွေ ပြောင်းရွှေ့ရမှာတွေရှိပါတယ်။ အခု စာရင်းတွေအရကတော့ ရွာလုံးကျွတ် ပြောင်းရမယ့်ရွာ သုံးဆယ်လောက်ရှိမယ်။ ဒါက အများဆုံး ခန့်မှန်းထား တာပါ။ သေချာအောင် စာရင်းပြန် ကောက်နေဆဲပဲရှိပါတယ်။ တချို့ရွာ တွေရဲ့အိမ်တွေက ချောင်းထဲမှာ ရေနဲ့ ပါသွားတယ်။ တချို့ရွာတွေ ကတော့ မြေပြိုမှုတွေကြောင့် နေထိုင်လို့ မသင့် တော်တော့တဲ့ကျေးရွာတွေပါ။ ရွာတွေ ဆိုပေမယ့်လဲ တချို့ရွာတွေက အိမ် ခြေနှစ်ဆယ်ကျော်၊ သုံးဆယ်လောက် ရှိတဲ့ရွာတွေလဲပါပါတယ်'' ဟု ပြောသည်။
ချင်းပြည်နယ်တွင် ကျေးရွာများ အပြင် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက် အချို့ကို လည်း ပြောင်းရွှေ့ရမည်ဖြစ် ပြီး။ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ရှိရွာ ၁၃ ရွာမှာလည်း ပြန် လည်အခြေချနေထိုင်ရန် မဖြစ်နိုင် ခြင်းကြောင့် ရွာသစ်တည်ထောင်ပေး ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာဘမောင်က ''အခု ဘူမိဗေဒပညာရှင်တွေရဲ့ အကြံဉာဏ် နဲ့ပဲ ပြောင်းရွှေ့သွားမှာပါ။ အခု ဘူ မိဗေဒပညာရှင်တွေကတော့ လေ့ လာမှုတွေလုပ်နေတယ်။ သူတို့ဆီက နေ ဘယ်နေရာကတော့ မြေသားခိုင် မာတယ်။ ပြောင်းရွှေ့သင့်တယ်ဆိုမှ ပြောင်းရွှေ့ပေးသွားမှာပါ။ အိမ်ရာ တွေ တည်ဆောက်မယ်ဆိုရင်လဲ ပြင် ပမှ အလှူရှင်တွေအနေနဲ့ သွပ်အပါ အဝင် အိမ်ဆောက်ပစ္စည်းတွေကိုလဲ လှူဒါန်းစေချင်ပါတယ်'' ဟု ဆက် လက်ပြောသည်။
ချင်းပြည်နယ်၏ ဘူမိအနေအ ထားများကို လက်ရှိအချိန်တွင် မြန် မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဘူမိဗေဒ ပညာရှင်များ၊ သတ္တုတွင်းဝန်ကြီး ဌာနမှ ဘူမိဗေဒပညာရှင်များက လေ့လာမှုများပြုလုပ်နေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ချင်းပြည် နယ် ကယ်ဆယ်ရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးဆိုရင်တော့ လုံးဝ ပြောင်းသင့်တဲ့ရွာ သုံးဆယ်တောင် ကျော်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ တော်တော် ဆိုးရွားခဲ့တဲ့ဖြစ်စဉ်ပါ။ အခုချိန်မှာတော့ ဘယ်မှာ ဘယ် လောက်ပျက်စီးသွားတယ်။ ဘယ် ရွာတွေ ပျက်စီးသွားတယ်။ အသေး စိတ်ကတော့ မသိရသေးဘူး။ အခု အချိန်အထိ တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့က တော်တော်ကိုခက် နေသေးတယ်''ဟုပြောသည်။
ကလေးမြို့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရေဘေးအန္တရာယ်ကို ကြုံတွေ့ပြီးနောက် ကျေးရွာအချို့မှာ ပြန်လည်အခြေချနေထိုင်ရန် မဖြစ် နိုင်တော့ခြင်းနှင့် အချို့ကျေးရွာများ တွင် ပြည်သူများမှာ ဆက်လက်နေ ထိုင်ရန် စိုးထိတ်မှုများဖြစ်ပေါ်နေ သဖြင့် ကျေးရွာများပြောင်းရွှေ့ပေး နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ကျေးရွာတွေက ပြည်သူတွေ ကိုယ်တိုင်တင်ပြလာကြလို့ ရွှေ့ပြောင်း ဖို့စီစဉ်ပေးတာပါ။ လောလောဆယ် မှာ ရွှေ့ပြောင်းရမယ့် မြေနေရာအ တွက် စီစဉ်နေပါတယ်။ ပြည်သူတွေ အဆိုပြုတဲ့နေရာအချို့က ပုဂ္ဂလိက ပိုင်မြေတွေဖြစ်နေတော့ အချိန်ယူ ဆောင်ရွက်ရမှာတွေ ရှိပါတယ်။ ရွာ သုံးရွာလောက်က ရွာလုံးကျွတ်ပြောင်း ရွှေ့ဖို့ တင်ပြတာရှိသလို နေအိမ်အ နည်းစုပဲရွှေ့ပြောင်းဖို့ တင်ပြတာတွေ လဲရှိပါတယ်။ ပြည်သူတွေ အဆင် ပြေဆုံးဖြစ်အောင် ဆောင်ရွက်သွား မှာပါ'' ဟု ပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးမြို့နယ် တို့သည် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေ လွှမ်းမိုးမှုများ ဖြစ်ပေါ်ခြင်း၊ မြေပြို မှုများဖြစ်ပေါ်ခြင်းကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် နေရာများဖြစ်ကြောင်း သိရသည်။
AA, MH
‪#‎Democracytoday‬

No comments:

Post a Comment